တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
ဒါတကယ်ပြောချင်နေတာ
ဒါပြောချင်နေတာတကယ်
ပြောချင်နေတာတကယ်ဒါ
ပြောချင်နေတာဒါတကယ်
တကယ်ဒါပြောချင်နေတာ
ဒါတကယ်ပြောချင်နေတာ
တကယ်ပြောချင်နေတာဒါ
(--x--)
Sep 26, 2009
Sep 24, 2009
the brief biography of yes and no
yes is yes, no is no
no is not yes
yes is not no
no didn’t know yes
yes didn’t know no
no didn’t like yes
yes didn’t like no
no is just no, yes
yes is just yes
yes means accept
accept not, say no
no won’t be yes
yes won’t be no
no wanna stay away from yes
yes wanna stay away from no
no hate yes
yes hate no
no shows negative sign
sign of positive, yes
yes is (not) no = yes is no {meanwhile someone stole the words “not”}
no is (not) yes = no is yes {meanwhile someone stole the words “not”}
[then, why not?]
yes is no
no is yes
yes yes no
no yes yes
and they got married

Sep 23, 2009
Crack
There is a straight
A line is coming
Down! Don’t try to
Prevent anything. It is
Coming. It was Coming. Coming.
Matters have disappeared, Light as star,
Funnel is for oil?
Funeral is not only for
people.
Don’t be revealed. It wasn’t revolution.
Say Something:
Stay Nothing:
I’m gonna Be
You’re gonna Be,
(--Y--)

Sep 22, 2009
နှာချေပြီးနောက်
စွယ်တော်ရွက်ကလေး စာအုပ်ကြားညှပ် တနေ့တခြား ပါးလွှာလာ တနေ့
လိပ်ပြာဖြစ်လာလိ့မ်မယ်
ဒဏ္ဍာရီမဟုတ်ဘူး
ရာဇ၀င်မဟုတ်ဘူး
အရပ်သုံး ရွာသုံး ခေတ်သုံး
စုန်းသေးသေးလေး ဟယ်ရီပေါ်တာ
မသိနားမလည်ခြင်းဟာ ဖောက်ထွင်းမြင်နိုင်တဲ့ တံခါးတစ်ချပ်ဖြစ်တယ်
အဓိပ္ပာယ်ဖွင့်ဆိုခြင်းဟာ ဖွင့်ဟ၀န်ခံချက်တစ်ရပ်ဖြစ်တယ်
မမြင်ရဘူး
မမြင်ရဘူး
တံခါးတစ်ချက်နောက်
အခန်းထဲ
ဘာရှိလဲ
ဘာတွေ ရှိလဲ
သယ်ဆောင်လာတိုင်း ပါမလာဘူး
အရေးတွေ အရာတွေ အရိုက်တွေ အရာတွေ
ချောင်းတွေ မြောင်းတွေ ပင်လယ်တွေ
စီးသွားတာပဲ ပြီးသွားရင် ပြန်လှည့်မကြည့်ဘူး
လျှပ်တပြက်ရွာချတဲ့မိုးကို ဖွင့်ဆိုတယ်
နေရာပြပုဒ် အထဲ အပြင် တည်နေရာရပ်ညွှန်း ကိန်းဂဏန်းများအဆိုအရ
လေဟာနယ်ထဲ
အမှိုက်တွေ စုပ်ယူမယ် ဓာတ်ဘူးဟာ ပြဒါးသုတ်ထားမှ
ရှေ့က ပိတ်ရပ်နေတဲ့ လူငယ်လေး
ဘာ ဘာသာစကားနဲ့ ဘာ အမျိုးအစားတွေ
“Excuse Me, Can I Staple Paperworks?
Thank You.”
ငေးမောနေတဲ့အရိပ်ထဲသူမပါပေမယ့် သူပါသွားတယ်
မိုးလည်း-------------------------------------
လေဟာနယ်ထဲ စိတ်တွေ ခြေအေးဝမ်းယောင်
နှာချေသံ စလယ်ဆုံး သုံးပါစလုံး
ဟတ်_______________________ချိုး။ ။
(--၀ိုင်--)

Sep 21, 2009
ကမ်းနားဘက်ကိုလို့ပြောပြီးမှ အောင်ဆန်းကွင်းဘက်တက်လာတာ ရေငုံနှုတ်ပိတ်နေမိခြင်း
(လက်ဖက်ရည်ဆိုင်ဟုရိပ်မိရုံ အခင်းအကျင်းတခုမှာ ၀ိုင် ကို ပလပ်စတစ်ခွေးခြေတလုံးနှင့်ထိုင်နေစေ၊ အိတ်က်စ် ဦးထုပ်ကိုချွတ်ရင်းဝင်လာ)
အိတ်က်စ်။ ။ အော..ရောက်နေပြီကိုး၊ ခုမှရောက်တယ်..ဟုတ်စ၊ ရောက်နေတာကြာပြီဆို..ဆောရီး။ မရောက်သေးခင် က ဒီမှာမရှိသေးဘူး ဟုတ်လား၊ အော် ပြောကြဆိုကြဘို့ကိစ္စ၊ အင်း အရေးကြီးတယ် တော်တော် အရေးကြီးတယ်၊ ဘာရေးဖြစ်နေလဲ၊ အဲဒါကြိုက်လား။ ရေးရတာကြိုက်တာလား။ သူများရေးတာကို ဖတ်ရတာကြိုက်တာလား၊ ပြပါအုန်း ခင်ဗျားရေးထားတာကို၊ အောက်မှာ ရော်န် ဆစ်လမင်းန် လို့လက်မှတ်ထိုးပါလား၊ ဗျာ..အတူတူပဲ ဟုတ်လား။ သူ ရေးပြီး ခင်ဗျား လက်မှတ်ထိုးလဲ အတူတူပဲ ဟုတ်လား အော် ခွဲခြားစဉ်းစားခြင်းဟာ ကွဲပြားခြင်းကိုဖိတ်ခေါ်တယ်။ ခက်တယ်ဗျာ။ (ထိုင် မလိုလုပ်ပြီးမှ ဦးထုပ်ပြန်ဆောင်းကာ) ကျုပ်တို့ရေးပြီးသမျှတွေ ဖျက်ဆီးပစ်လိုက်ကြစို့။ အရေးအသားက အရေးမှမကြီးတော့ပဲ။ဘာမှမရေးပဲ နေတာကမှ တကယ်အရေးကြီးတာ။ ဆိုကြပါစို့ဗျာ၊ ၀ါကျသစ် စကားပြေ ကဗျာပဲဖြစ်ဖြစ် ဂါးထရုဒ်စတိုင်းန် ရဲ့ပေါင်းစပ်ဖွဲ့စည်းမှုပဲ ဖြစ်ဖြစ် ဘာအရေးကြီးတော့လို့လဲ။ လာဗျာ ဘီယာလေး ဘာလေး သွားချလိုက်ရအောင်။ တခွက်တဖလားပေါ့။ ကျုပ်တိုက်ပါ့မယ်။ ခင်ဗျား တိုက်တာသောက်ပါ့မယ်။ ကိုယ်သောက်ကိုယ်ရှင်းစံနစ်ပေါ့။ ခေါင်းလောင်းထိုးအောင်မစောင့်တော့ပါဘူး။ ခေါင်းလောင်းကထိုးပြီးသွားပြီ။ အရင်ကသွားဘူးလား ဒီလမ်းမှာ။ ဒါပေါ့ လမ်းတွေဟာ သွားဖို့ပဲ။ သွားကြရုံ ရှိတာပဲ။ ခင်ဗျား လမ်းတွေကို သဘောမကျဘူး ဟုတ်လား။ ဘာကိုဆိုလိုတာလဲဗျ။ လမ်းက ခင်ဗျားကိုသယ်ဆောင်လာခဲ့တာ မဟုတ်ဘူးလား။ သေသေချာချာတော့ပြောလို့မရဘူးပေါ့ဗျာ။ သေချာတယ်ဆိုတာကိုက ဘယ်လောက်များ သေချာတာလိုက်လို့။ စကားမစပ် ကျုပ်ရေးတာတွေ ဖတ်လားဗျ၊ ဘာရေးထားတယ်ဆိုတာကော မြင်သာရဲ့လား။ကျေးဇူးတင်တယ်ဗျာ။ ခုလို နှုတ်ဆိတ်နေလိုက်တာ၊ အရမ်းတာသွားတာပဲ၊ ကြိုက်တယ်ဗျာ။ အလိုလို ကြိုက်တယ်။ ပေါင်းလို့ဖြစ်ပြီဗျ။ လမ်းတူတယ်ဗျ။ တလမ်းထဲပဲ။ ဟောဒီ လမ်းမျိုး။ လမ်းအမျိုးမျိုးရှိတယ်။ တလမ်းထဲပဲ ရှိတယ်။ ဒီတော့တလမ်းလမ်းထဲဝင်လိုက်သွားကြတာပေါ့။(ဦးထုပ်ကို ချွတ်ကာ လက်ကကိုင်လာပြီးမှ မလုံခြုံဟန် ဖြင့်ပြန်ဆောင်း) ရောက်ပြီလား။ ကျုပ်တို့သွားနေတာ ဒီနေရာလား။ သေချာလား။ ဘယ်နေရာမဆိုလား။ တွေ့ရတာ ၀မ်းသာ တယ်ဗျာ။ ဒါနဲ့ ခင်ဗျား ကျနော့် ကိုစောင့်နေတာလား။ ကိုယ့်ဟာကိုယ်ထိုင်နေတာလား။ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ခင်ဗျားနဲ့ကျနော်မိတ်ဆွေတွေဖြစ်ကြပြီလား။ဝိုင်(အလွန်စိတ်ပျက်ညစ်ညူးနေသော မျက်နှာဖြင့်ထိုင်နေရာမှ ဟန်လုပ်မှန်းသိသာစေသော အမူအယာသို့တမင်ပြောင်းမှန်းသိသိ ပြောင်းလိုက်ပြီး) အေး ဗျာ။
(--X--)

Sep 20, 2009
Sep 18, 2009
စာမျက်နှာပေါ်ကနေ သင့်စပေ့စ်ထဲ ခုန်ဝင်လာတယ်
အရပ်သုံးစကားနဲ့ စာကြီးပေကြီးစကားကြား လူးလာ ယခင်ကဗျာတွေဝင်မလာရ တားမြစ်ထားသော အခြားဘာသာစကား လောကများ “ဖွင့်ဟဖော်ထုတ်ခြင်း ပုံသဏ္ဌန်အားလုံး ဒီမိုကရက်တစ် လုပ်ဖို့” ( အက်ရှဘရီ ) အကြောင်းအရာအားလုံး ဖြစ်တည်နိုင်ခွင့်ရှိ “စကြာဝဠာမြစ်ထဲမှာ ကဗျာဟာ လမ်းကြောင်းရှာလိမ့် ဘာသာစကားရဲ့ ခန္ဓာကိုယ်ထဲအပြည့်အ၀ ပါရှိစွာ” ( အဒေါနစ္စ )“အချက်အလက်ကဗျာ ဓမ္မဓိဠာန်ကဗျာ တကယ့်ဘ၀ရဲ့အပိုင်းအစတွေ လက်ဆုပ်လက်ကိုင်ပြနိုင်တာတွေ သူတို့ရဲ့ အမည်နာမတွေ အသေးစိတ်အချက်အလက်အတိအကျတွေ တိကျဒေတာတွေ ကိန်းဂဏန်းတွေ ဆိုရိုးစကားတွေ”( အာနက္စတို ကာဒီးနားလ် ) အတွေးနဲ့ စကားထဲဝင်လာတဲ့ လူမျိုးနဲ့လိင် ဖွင့်ဟဖော်ထုတ်မှုမဟုတ်တဲ့ ဖွဲ့စည်းမှု့နည်းစနစ် တွေ “ တိုက်ဆိုင်မှု “ နဲ့ “ရွေးချယ်မှု” (ဂျက္ကဆင်န် မက္ကလိုးနဲ့ဂျော်န်ကေးဂ်ျ ) ကဗျာကို “ သူ့ဖာသာသူပေးရေးဖို့ “ ရှိပြီးသား ဘာသာစကားသုံးစွဲမှု့ကို ယူသုံးဖို့ လမ်းကြောင်းသစ် ကွေ့ချိုးဖို့ ပုံမှန်လမ်းကြောင်းနဲ့ ရည်ရွယ်ချက်ကနေ သွေဖီဖို့ ဘာသာ စကားကို ဆန်းကျယ်အောင်လုပ်ဖို့ ကဗျာဟာဘာသာစကားရဲ့ လုပ်ငန်းဆောင်တာတစ်ခု ဘာသာစကားဟာ ကဗျာပြုလုပ်ခြင်းရဲ့ လုပ်ငန်းဆောင်တာတစ်ခု မိမိကိုယ်ကလွဲလို့အခြားအင်အားတွေ စွမ်းအင်တွေ ကဗျာထဲပေးဝင်ဖို့ သာမန်နေ့စဉ်ဆက်ဆံရေးရဲ့ အပယ်ခံတွေပေးဝင်ဖို့ ယဉ်ကျေးမှု/ဘာသာဗေဒ ဆက်စပ်ဝန်းကျင်ထဲရှာဖွေတွေ့ရှိရတဲ့ ဘာသာစကားကိုခွဲခြားကွဲပြားကစားဖို့ ကဗျာရေးသူဟာ ဘာသာစကားဝင်ပြောတဲ့ ယာဉ် ကဗျာရေးသူအားဖြင့် ဘာသာစကားဟာ ၀င်ပြောတယ် စကားပြေဟာလည်း ကဗျာရဲ့အသုံးအဆောင် ဖြစ်နိုင်ချေ အလားအလာတွေရဲ့မြေပုံကြိုးစား ရေးဆွဲကြည့်ခြင်း စမ်းသပ်ဘာသာစကားပစ္စည်းတွေရဲ့ အဆက်မပြတ်စီးဆင်းမှု့ထဲမှာကျွန်တော်/ ခင်ဗျားတို့ ဘာသာစကားကုဗ၀ါဒ အကြာင်းအရာ ရုတ်တရက်ပြောင်းခြင်းများ ကဗျာအတွေးထဲ ထိန်းချုပ်မှု့မဲ့ ခုန်ဆင်းခြင်းများ ယုတ္တိမဲ့ နိမိတ်ပုံတွေ ချိုးဖျက်လိုက်တဲ့ဝါကျဖွဲ့ထုံးတွေ စနစ်တကျတိုက်ဆိုင်မှုလုပ်ရပ်တွေ “ ငါ့မှာပြောစရာဘာမှ့မရှိဘဲနဲ့ငါပြောတယ်။ အဲ့ဒါကဗျာဘဲ။” “ ငါတို့မှာပိုင်ဆိုင်တာဘာတစ်ခုမှမရှိဘူးလို့ သဘောပေါက်သွားတဲ့အချိန်မှာ ကဗျာရှိတယ်” ( ဂျော်န်ကေးဂ်ျ )ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ ကတ်တလောက်တွေ စက်ပစ္စည်းတပ်ဆင်နည်းတွေ ဆွဲထုတ်ကောက်နှုပ်စိ ဆက်စပ်မှုသစ်များ “ ကဗျာဆရာဟာ ဖန်တိးသူမဟုတ်ဘူး၊ရွေးချယ်သူဖြစ်တယ်။ ဖြတ်သွားသမျှအားလုံးကို ဖမ်းယူစားသောက်ပစ်လိုက်တဲ့အမီးဘား။ လူသားကိစ္စမှန်သမျှနဲ့ဘာတစ်ခုမှ့မစိမ်းဘူး” ( နီကားနောပါရား) အရှိတရား အားလုံး ကဗျာထဲဝင်ခွင့်ရှိကြတယ် စိတ်တွင်းစကားသံတွေနဲ့ကြားဘူးနားဝ အဆိုအမိန့်တွေရဲ့ ကော်လာ့ဂ်ျ ဘာသာစကားသုံးစွဲပုံအချို့ကိုကဗျာဟာအမြဲတမ်းတိုင်းတာတယ် “ အရှိတရားဆိုတာ ဟောဟိုအပြင်မှာရှိနေတာမျိုးမဟုတ်ဘူး။ အရှိတရားဆိုတာရှာဖွေရတဲ့အရာ တိုက်ခိုက်သိမ်းပိုက်ယူ ရတဲ့အရာ” ( ပေါလ်စီလန်း )ကဗျာတစ်ပုဒ်လုံးဟာ ၀ါကျတစ်ကြောင်းပဲ ကဗျာပိုဒ်တွေဟာ ဒီဝါကျရဲ့အစိတ်အပိုင်းတွေ စကားစုတွေ “ ဘာသာစကားသုံးစွဲပုံ အပြောင်းအလဲဟာ လောကကြီးကို အဓိပ္ပာယ်ကောက်ပုံရဲ့ အပြောင်းအလဲပဲ။ ( ဟဲလ်မွတ်ဟိုက်စင်ဗြူတလ် ) ကဗျာရဲ့သဘောသဘာဝဟာ ဘာလဲ ကဗျာဆရာရဲ့အလုပ်ဟာဘာလဲ အကျင့်ကပယ်ထုတ်ထားတဲ့ဖြစ်နိုင်ချေတွေကို ပြုလုပ်ဖို့ကတ္တား- ကံ မျဉ်းကြောင်းကို ချိုးဖွင့်ဖို့ စကားလုံးနဲ့စကားစုတွေကို စီကစားဖို့ ဘယ်စကားလုံး ဘယ်စကားစုကိုမှ ဘယ်ဖွဲ့ထုံးအောက် ဒူးမထောက်ဖို့ ထပ်ကြော့ပတ်လည် ဒီပေါ်ကစား ကိုယ့်ကိုကိုယ်ထားသိုဖို့ ကိုသြဒိနိတ်ရှာဖွေရန် အပေါ်ယံအလ္လာပသလ္လာပတွေ ရုတ်ချည်းအမြန်နှုန်းတွေ နေ့စဉ်ဘ၀ရဲ့ နက်နက်ရှိုင်းရှိုင်း နေထိုင်မှုတို့ရဲ့ အရေပြားပေါ် တောက်ပ နျူးယောက် အကြောင်းအရာမဟုတ်ဘူး ဖြစ်စဉ်စိတ်တွင်းအကြောင်းအရာဖွဲ့ခြင်းဖြစ်စဉ် ဖြစ်နိုင်ချေဇာတ်လမ်းတွေရဲ့ ကွင်းကျယ်ကြီးထဲမှာ ကြိုက်ရာ ဇာတ်လမ်းဖွဲ့ယူဖို့ သင်ဟာ ကျွန်ပ် ဖြစ်နိုင်သလို ကျွန်ပ်ဟာလဲ အခြား တယောက် အားလုံးဟာ သိစိတ် တခုရဲ့ တနည်းမဟုတ်တနည်း အစိတ်အပိုင်းတွေ ဒီအစိတ်အပိုင်းတွေရဲ့ ဒီသိစိတ် ကဗျာဆိုတာ ဖြစ်စေတယ်(အယ်ရှဘရီ) ထပ်မံ နျူးယောက် “ငါး ဟာ ရေပဲကူးတတ်တယ်။ အကယ်၍ ကဗျာတပုဒ်ဟာ
ငါးတကောင်ဆိုရင် ကဗျာရဲ့အလုပ်ဟာ သူ့ရေကူးခြင်းကို သူရှာဖွေဘို့ မလွဲမသွေ ရှာဖွေဘို့။” (အာမန်း ရွှယ်နာ) စကားသံများစွာရဲ့ ကဗျာဆရာ ပဲလင်းမ်ပ်ဆက်စ် “စပ်ထိုးစာ” ထူးဆန်းတဲ့စကားလုံးတွေ အသုံးနည်းတဲ့စကားလုံးတွေ သိပ္ပံ အသုံးအနှုန်း တွေ နိုင်ငံခြား စကားလုံးတွေ နံပတ်တွေ ကိန်းဂဏန်းတွေ လေသံပြောင်းတွေ ပြီးလဲမပြီး ရှင်းလဲမရှင်းတဲ့ လေဟာနယ်ထဲ ကဗျာထဲ သီအိုရီတွေ ထည့်သွင်းဘို့ သိအိုရီကို ကဗျာကအဆက်မပြတ် နေရာယူဘို့ ကမ္ဘာနဲ့ယှဉ် ကဗျာမြင်ဘို့ စကားစုတခုကိုပဲ ပတ်လည် ကစား ကောက်ရစကားတွေနဲ့ ပေါင်းစပ် “ I “ ကိုသတ် ဖိုက်ဘိုနက်ချီ ဂဏန်းစဉ် ၁၊ ၂၊ ၃၊ ၅၊ ၈၊ ၁၃၊ ၂၁၊ ၃၄၊ ၅၅. . . . . အဓိပ္ပါယ် အလွှာလွှာအထပ်ထပ် ကဗျာဖတ်သူဝင်ပါပြီး ကြိုက်ရာအဓိပ္ပါယ်ယူသုံးဘို့ သမိုင်းရဲ့ အစွန်းအစပ်က ရေညှိ နဲ့ ကျောက်တုံးပါ ကဗျာထဲဝင်လာဘို့ ၀စ်ဂင်စတိုင်းန် ရဲ့ ၀ါကျတွေကို အထားအသိုက လွတ်မြောက်စေဘို့ ပရမ်းပတာ (ရဲရင်) ဖြစ်ဖြစ် ကိုးကားချင် ကိုးကားလိုက်ဦး သူတို့ဖာသာ သူတို့ချင်း ဘယ်လိုမီးပွင့်ထ တောက်မလဲ စကားစုထဲ နာမ်တွေအစားထိုး ပိုးစားသလို တိတ်ဆိတ်မှု ၀င်စားသွားတဲ့စကားလုံးတွေ တိတ်ဆိတ်မှု ကိုက်နေတဲ့ စကားလုံးတွေ လက်ကျန်ဝါကျထဲက တိတ်ဆိတ်မှုကိုက်ရာတွေ အပေါက်တွေ ကြမ်းရှတဲ့ အနားသတ်တွေ ၀ါယာကြိုးလို လျှပ်စစ်တဖျတ်ဖျတ် ဖြတ်ညှပ်ကပ် ဂဲသြမေတြီ ဘူမိဗေဒ အဂ္ဂိရတ်ပညာ ဒသနိကဗေဒ ဇီဝဗေဒ ဒဏ္ဍာရီဗေဒ သူစိမ်းတရံစာ နယ်ပယ်လောကတွေထဲက အပိုင်းအစတွေ နှိုက်ယူဖွဲ့စည်း နေ့စဉ် အဖြစ်အပျက်တွေကို အသေးစိတ် လေ့လာ လူမှုစည်းရိုးတွေကိုထိုနည်းလည်းကောင်း မထင်မှတ်ထားတဲ့ ဆူရီယယ်လ် အခုန်မျိုးတွေ ဒါတွေကို လျှော့တွက်လို့မရ အရှိတရားရဲ့သဘောသဘာဝ တသီးပုဂ္ဂလလူသားရဲ့ ဇာတိစရိုက် ဘာသာစကားရဲ့ အရှိတရားနဲ့ လူသားတို့ကို ဖွဲ့စည်းပုံ အဓိပ္ပါယ်ရဲ့ အဓိပ္ပါယ် စာပေအနုပညာရဲ့ ပုံသဏ္ဌာန်နဲ့ တန်ဘိုး နည်းစံနစ်ရဲ့ လုပ်ဆောင်ချက် ရေးသူနဲ့ဖတ်သူ ယုတ္တိအဆက်အစပ်မဲ့များ ကျယ်ကျယ်ပြန့်ပြန့်သုံးခြင်း သိမှုရဲ့မိုးကုပ်စက်ဝိုင်း စိတ်အလျဉ် အစိပ်စိပ်အမွှာအမွှာ အတ္တကိုယ်ပွား ဗဟုရှုထောင့်များ ယုတ္တိဖျက် ဆက်စပ်မှုနည်းနာများ ဇာတ်လမ်းပြောယုတ္တိဟာလဲ လုပ်ရပ်တခု ဗဟုစကားသံအရေးအသားဟာ အက်ကွဲနေတဲ့မှန်တချပ် ဘယ်နေရာမှာရှင်းလင်း ဘယ်နေရာမှာဘာမှမပေါ် စကားပြေကဗျာ ဒိုင်ယာလော့ဂ် သမိုင်း ဒဏ္ဍာရီ အမှတ်ရမှု အိပ်မက်အပိုင်းအစ စာပေဝေဖန်ရေးသီအိုရီ အဓိပ္ပါယ်များရဲ့ လမ်းဆုံလမ်းခွ မျဉ်းဖြောင့်အစား ကြောင်လိမ်လှေကားရေးနည်း မျဉ်းတား ကွင်းခတ် ကြက်ခြေခတ် မျက်တောင်ဖွင့်ပိတ် စာလုံးဖောင့်န် ဖတ်သူဟာ တလိုင်းပြီးတလိုင်းဝင်လာ တလိုင်းပြီးတလိုင်း အမြင်ရွေ့ တလိုင်းပြီးတလိုင်း အာရုံ တလိုင်းပြီးတလိုင်းပြန်တည်ဆောက် တလိုင်းပြီးတလိုင်း သိစိတ် /သိနေခြင်းဟာ သိသိကြီးတရွေ့ရွေ့
“ စကားလုံးတွေကြား ကခုန်နေတဲ့ အသိဥာဏ် “ (အက်ဇရာပေါင်းန်ဒ်) မြက်သဘောအရေးအသား ကဗျာဟာ အမြဲ ‘ အခြား ‘ ဘာသာစကားကဗျာဟာ ဘယ်သူ့မိခင်ဘာသာစကားမှမဟုတ်ဘူး‘အခြား’ ဘာသာစကားဖြစ်ခြင်းကို အသိအမှတ်ပြုဘို့ ချီးမြှောက်ဘို့ ဘာသာစကားထဲမှာ ကျွန်တော်တို့ အမွေရတာက လူသေတို့ရဲ့စကားသံတွေ (နသယ်နီရယ်လ် မက္ကီ) ကိုချော ကိုချော ကိုချော ကိုချော
ကိုဖော်ဝေး ကိုချော ကျွန်တော်တို့ဟာ မူကြမ်းတွေ ဘယ်အမှတ်စက်ကလာနေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး ယဉ်ကျေးမှု ဘာသာစကားရဲ့ အက်ကြောင်းတွေထဲမှာ ယဉ်ကျေးမှု ဘာသာစကားထဲ အက်ကြောင်းရှာ သမိုင်းဟာ မျဉ်းဖြောင့်ကို ဆန့်ကျင်တယ်။
ဇေယျာလင်း
ဘာသာစကားသတင်း
ဘာသာစကား ချိန်ခွင်လျှာ ညှိမရဘူး။
ယနေ့ ခရစ်သက္ကရာဇ်……..၊ ကောဇာသက္ကရာဇ်……ဘာသာစကားသတင်းများကို ကျွန်တော် ဖတ်ကြား သွားပါမယ်။
သတင်းခေါင်းစဉ်။ ။
၁။ ဘာသာစကားက လူမျိုးကို ထင်သလောက် မလွှမ်းမိုးနိုင်သည်ကို လူမျိုးမတူ ဘာသာစကားမတူသူများက ထုတ်ဖော်ပြောကြားလိုက်ကြောင်း။
၂။ ဘာသာစကားနဲ့ ဆက်ဆံရေး ပြောင်းလဲရန်ရှိ၍ မည်သို့ပြောင်းလဲသင့်သည်ကို သိရှိနိုင်ရန် ဘာသာစကား အဖွဲ့များ ဘာသာစကားမဲ့ နိုင်ငံသို့ ယနေ့ရောက်ရှိလာကြောင်း။
၃။ ဘာသာစကား အကျဉ်းသားနှစ်ဦး တိုက်ပိတ်အပြစ်ဒဏ်ပေးခံရကြောင်း။
၎။ ဘာသာစကား အဏုမြူထုတ်လုပ်ရေးမှာ ဘာသားစကားလေ့လာရှာဖွေရေးအတွက်သာ ရည်ရွယ်ကြောင်း။
၅။ ဘာသာစကား အဏုမြူဗုံး ထုတ်လုပ်နိုင်မှသာ ဘာသာစကားလုံခြုံရေးကောင်စီသို့ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း။
၆။ဘာသာစကား မှောင်ခိုတင်သွင်းသူများအား ဘသာစကားတာဝန်ရှိသူများက ထိန်းသိမ်းလိုက်ကြောင်း။
၇။ဘာသာစကားတုပ်ကွေးရောဂါများပျံ့နှံ့နေသဖြင့် မည်သည့်ဘာသာစကားအသင်းသားများမဆို ဘာသာ စကားစည်းများ သုံးစွဲကြပါရန် တိုက်တွန်းလျှက်ရှိကြောင်း။
၈။ဘာသာစကားလိင်ပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း။ ဘာသာစကားလိင်ပြောင်းသူများအား ဘာသာစကားဝင်မှုကြီးကြပ်ရေးမှ ဘာသာစကားမှတ်ပုံတင်ကဒ်ပြားများ ပြောင်းလဲပေးမည်ဖြစ်ကြောင်း။
၉။ထိန်းသိမ်းခံ ဘာသာစကားများ လွတ်မြောက်ရေး ကြိုးပမ်းလျှက်ရှိကြောင်း။
၁၀။ဘာသာစကားအကြမ်းဖက်ခံရမှုပပျောက်ရေး ညီလာခံအား ယနေ့ ကျင်းပကြောင်း။
၁၁။ဘာသာစကားပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဘာသာစကားများအား ကျွတ်ကျွတ်အိတ် မသုံးစွဲရန် နှိုးဆော်လျှက်ရှိကြောင်း။
၁၂။ဘာသာစကား ပိုလီယိုတိုက်ကျွေးရေးနေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း။
၁၃။ဘာသာစကားနယ်လှည့်ဆက်ဆံရေး အဖွဲ့များမှ ဘာသာစကားအကြောင်း အသေးစိတ် သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းမှုများပြုလုပ်လျှက်ရှိကြောင်း။
၁၄။ဘာသာစကားအင်အားသည် ဘာသာစကားအတွင်းမှာသာရှိ၍ ဘာသာစကားများသည် ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးရမည်ဖြစ်ကြောင်း။
၁၅။ဘာသာစကားဥ အတုများ ပေါ်ပေါက်နေသည့်အတွက် ဘာသာစကားနိုင်ငံသားများအနေနှင့် ဘာသာ စကား ဥအတုအစစ်ခွဲခြားစားသုံးရန် လိုအပ်ကြောင်း သတိပေးပြောကြား။
၁၆။ဘာသာစကားအထက်၌ မည်သူမျှ မရှိကြောင်း။
၁၇။ဘာသာစကားထုတ်လုပ်မှု အရည်အသွေး တိုးမြှင့်ရေးအတွက် ဘာသာစကားတာဝန်ရှိသူများက သွား ရောက်လှည့်ပတ် စစ်ဆေးလျှက်ရှိကြောင်း။
၁၈။ဘာသာစကားရွေးကောက်ပွဲကို ဘာသားစကားလမ်းစဉ်း၇ချက်နဲ့အညီ အောင်မြင်စွာကျင်းပနိုင်ရေးသည် ဘာသာစကားတိုင်းတာဝန်ဖြစ်ကြောင်း။
၁၉။ဘာသာစကားပိတ်ဆို့ရေးအား ပြန်လည်သုံးသပ်သင့်ကြောင်း။
၂၀။………………………………………………………………………..။

လူရာဝင်
ဓာတ်ပုံမရိုက်ဘဲ ဓာတ်ပုံ တိုက်ပ် ပြောင်းလိုက်တယ်၊ ရလား အဆင်ပြေလား။
ရတယ်၊ အဆင်ပြေတယ်နော်
နောက်ဆိုရင်
ပုံစံခွက်ထဲ မထည့်ဘဲ ပုံစံတကျ လုပ်ကြည့်ရအောင်
“ဟယ်လို, ဟုတ်ကဲ့”
“ပြောနေပါတယ်၊ ဟယ်လို၊ ဟုတ်ကဲ့”
“ကျ ကျ သွားတယ်၊ မကောင်းဘူး”
တက် တက် သွားရင် ကောင်းသလား
မနေ့က ကလေး လေး အူတက်မတတ် ရယ်နေတာ
ဟိုနေ့က ဟိုအဒေါ်ကြီး ငိုရင်းနဲ့ ဟိုမှာ တက် တက် သွားတယ်
ဟိုတခါ ဒီတခါ တက်ရင် ခြေမချိုးချ
ကုန်ဈေးနှုန်းတွေ တက်လာတယ်
စီးပွားရေးတွေ ကျ ကျ လာတယ်
ကဗျာရေးနှုန်း ကျသွားသလိုပဲ
အရည်အသွေး စိစစ်နေလို့လား
အရည်အချင်းရော တိုးမြှင့်ရဲ့လား
ဓာတ်ပုံကို နုတ်ပက်နဲ့ဖွင့်လိုက်တာမသိပေမယ့် ရှိပြီးသား ဘာသာစကား
တချို့ ထွက်ကျလာတယ်
နာမည်မရှိသေးတဲ့ အသစ်ကလေးတွေ
မျက်စိ=ùau
နား=²!X;v¹Û¡•
နှာခေါင်း==ê8á’L±(`8#Ò¡–v}À�ÉíL™
လည်ချောင်း=BùuààÐ"U:Š³.À„
လက်=sæ®7 Zåµ-æßP½ºÒ.Ò
ကိုယ်လုံး=”ý¦ÖåC>F
ခြေထောက်=váXys+ü¼€€g=ªþ¡j–×P´WðÞ!wD¥J0탌ãÔpi†Ý
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်
ကာထားတယ်၊ မကွယ်ထားဘူး
မြင်နေရတယ် ခင်းဗျားတို့ လက်သီးနဲ့ မထိုးနဲ့
မကွဲဘူး ခေါင်းနဲ့ မတိုက်နဲ့ မလဲဘူး
ပစ်စလက်ခတ်ကို ပဉ္စလက်ဆရာ ရှာတွေ့သွားတယ်
ပင်နယ်စလင် ရှာတွေ့ခဲ့တယ်
မီးကို ဖန်ပေါင်းချောင်ထဲ သွင်းလိုက်တယ်
လေလုံခန်းထဲ တွေ့ ရှိချက်တွေ တွေ့ရှိချက်တွေ
နို့ဆီခွက် ကြိုးတပ်ထားပေမယ့် တစ်ယောက်နဲ့ တစ်ယောက်
ဆက်သွယ်လို့ရခဲ့တယ်
ကော်နက်ရှင် ကော်နက်ရှင်
တွင်တွင် ကျယ် ကျယ် ကျယ် ကျယ်တွင် တွင်
ဖက်ရှင်တစ်ခုအဖြစ် ဆေးဘက်ဝင်လို့ ဈေးကွက် ၀င်သွားခဲ့တယ်။ ။

ကျလာတာကဗျာ
ဒီလိုလေး
စမ်းသပ်ကြည့်
ခုကျမှ
သူငယ်ပြန်
ဆော့ကစား ကျ လာ တာ က ဗျာ
အပျင်းဖြေ
ဘာလာလာ
ကောက်ရေးလိုက်
စိတ်ဖော့ထား
လေထဲဝဲ
အသဲအေး
ကဗျာလား
မသိဘူး
တခုခု
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
လာ
ကျ
(--x--)
Sep 13, 2009
ချောက် ချောက် ချောက် ချောက် ချောက် ချောက်
ချောက် ချောက် ချောက် ချောက် ချောက် ချောက်
တယောက်ထဲ
တယောက်ထဲ
ချောက် ချောက် တယောက်ထဲ
တယောက်ထဲ
ချောက် ချောက် ချောက်
မျက်လုံးကြောင် တယောက်ထဲ
တယောက်ထဲ တယောက်ထဲ
တယောက်ထဲ
တယောက်ထဲ
ချောက် ချောက် ချောက် တယောက်ထဲ
တယောက်ထဲ
တယောက်ထဲ
ချောက် ချောက် ချောက် ချောက် ချောက် ချောက် ချောက်
တယောက်ထဲ
ဒါမျိုးတွေ အများကြီး သူများတွေလုပ်ပြီးသွားပြီလို့ခင်ဗျားပြောမလို့မဟုတ်လား ခင်ဗျားကော ကိုယ်တိုင်လုပ်ကြည့်ပြီးပြီလား ပျော်စရာကောင်းလား ဘယ်တုန်းကလုပ်ခဲ့တာလဲ လုပ်နေတုန်းက ခင်ဗျားဘာတွေ တွေးနေခဲ့သလဲ အဲဒီတုန်းက ခင်ဗျား တယောက်ထဲလား အနားမှာဘယ်သူရှိလဲ တခန်းထဲမှာအတူနေတဲ့အဖော်ရှိလား ဟို အဖော်ကိုပြောတာမဟုတ်ဘူးလေ တကယ့်သက်ရှိအဖော်ကိုပြောတာ ကျနော်ကတော့ ခုမှလုပ်ကြည့်တာပျော်စရာလိုလို ဒါပေမယ့် လုပ်ပြီးမကြိုက်တာတွေရှိသလို ကြိုက်သလိုလုပ်လို့ မရတာတွေလဲ ကြုံရတယ် အေးဗျာ အပြင်လောကမှာ ဖြစ်ပျက်နေတဲ့ အတိုင်ပါပဲ ခင်ဗျားနာရီကို နားနဲ့ကပ်ကြည့်လိုက်စမ်း ချောက်
ချောက် ချောက် ချောက် ချောက် ချောက်
တယောက်ထဲ
ချောက် ချောက် ချောက် တယောက်ထဲ
တယောက်ထဲ
တယောက်ထဲ
တယောက်ထဲ
သွားစေချင်တဲ့နေရာကိုမသွားဘူး ချောက်ချောက်ချောက် ရွှေ့စေချင်တဲ့ ဟာကရွှေ့မရဘူး ကိုယ့်နာရီသံပတ်ကုန်သွားလို့ နာရီရပ်သွားလဲ အချိန်ကို ချောက်ချောက်ချောက် ရပ်လို့မရဘူး ကိုယ့်နာရီရပ်နေတဲ့ အချိန်ဟာ တရားဝင်သတ်မှတ်ထားတဲ့ အချိန်မဟုတ်ဘူးတဲ့ ချောက်ချောက်ချောက် ရိုးနေပြီ ဒါမျိုးတွေ အချိန်ကတော့
ချောက် ဘယ်တော့မှ မရိုးဘူး
တယောက်ထဲ
တယောက်ထဲ
တယောက်ထဲ
တယောက်ထဲ
အသည်းယားဘို့ကောင်းလိုက်တာ ရင်ထဲမှာ ကလိ ကလိနဲ့ ချောက်ချောက် လုပ်သလိုမဖြစ် ချောက်ချောက်
တကယ်လုပ်ချင်တာဒီလိုမဟုတ်ဘူး
အစိုးမရ
အနတ္တ
မျက်လုံးကြောင်
ချောက်
ဆင် တွေ ဖမ်း မယ် ကျား တွေ ဖမ်း မယ် ဆို
ပြော တော့ ဖြင့် က ဗျာ ရေးတတ်တယ်ဆို ဟား..ဟား..ဟား..

Subscribe to:
Posts (Atom)