Showing posts with label Exercise on Conceptual Poetry. Show all posts
Showing posts with label Exercise on Conceptual Poetry. Show all posts

Sep 21, 2009

ကမ်းနားဘက်ကိုလို့ပြောပြီးမှ အောင်ဆန်းကွင်းဘက်တက်လာတာ ရေငုံနှုတ်ပိတ်နေမိခြင်း

(လက်ဖက်ရည်ဆိုင်ဟုရိပ်မိရုံ အခင်းအကျင်းတခုမှာ ၀ိုင် ကို ပလပ်စတစ်ခွေးခြေတလုံးနှင့်ထိုင်နေစေ၊ အိတ်က်စ် ဦးထုပ်ကိုချွတ်ရင်းဝင်လာ)
အိတ်က်စ်။ ။ အော..ရောက်နေပြီကိုး၊ ခုမှရောက်တယ်..ဟုတ်စ၊ ရောက်နေတာကြာပြီဆို..ဆောရီး။ မရောက်သေးခင် က ဒီမှာမရှိသေးဘူး ဟုတ်လား၊ အော် ပြောကြဆိုကြဘို့ကိစ္စ၊ အင်း အရေးကြီးတယ် တော်တော် အရေးကြီးတယ်၊ ဘာရေးဖြစ်နေလဲ၊ အဲဒါကြိုက်လား။ ရေးရတာကြိုက်တာလား။ သူများရေးတာကို ဖတ်ရတာကြိုက်တာလား၊ ပြပါအုန်း ခင်ဗျားရေးထားတာကို၊ အောက်မှာ ရော်န် ဆစ်လမင်းန် လို့လက်မှတ်ထိုးပါလား၊ ဗျာ..အတူတူပဲ ဟုတ်လား။ သူ ရေးပြီး ခင်ဗျား လက်မှတ်ထိုးလဲ အတူတူပဲ ဟုတ်လား အော် ခွဲခြားစဉ်းစားခြင်းဟာ ကွဲပြားခြင်းကိုဖိတ်ခေါ်တယ်။ ခက်တယ်ဗျာ။ (ထိုင် မလိုလုပ်ပြီးမှ ဦးထုပ်ပြန်ဆောင်းကာ) ကျုပ်တို့ရေးပြီးသမျှတွေ ဖျက်ဆီးပစ်လိုက်ကြစို့။ အရေးအသားက အရေးမှမကြီးတော့ပဲ။ဘာမှမရေးပဲ နေတာကမှ တကယ်အရေးကြီးတာ။ ဆိုကြပါစို့ဗျာ၊ ၀ါကျသစ် စကားပြေ ကဗျာပဲဖြစ်ဖြစ် ဂါးထရုဒ်စတိုင်းန် ရဲ့ပေါင်းစပ်ဖွဲ့စည်းမှုပဲ ဖြစ်ဖြစ် ဘာအရေးကြီးတော့လို့လဲ။ လာဗျာ ဘီယာလေး ဘာလေး သွားချလိုက်ရအောင်။ တခွက်တဖလားပေါ့။ ကျုပ်တိုက်ပါ့မယ်။ ခင်ဗျား တိုက်တာသောက်ပါ့မယ်။ ကိုယ်သောက်ကိုယ်ရှင်းစံနစ်ပေါ့။ ခေါင်းလောင်းထိုးအောင်မစောင့်တော့ပါဘူး။ ခေါင်းလောင်းကထိုးပြီးသွားပြီ။ အရင်ကသွားဘူးလား ဒီလမ်းမှာ။ ဒါပေါ့ လမ်းတွေဟာ သွားဖို့ပဲ။ သွားကြရုံ ရှိတာပဲ။ ခင်ဗျား လမ်းတွေကို သဘောမကျဘူး ဟုတ်လား။ ဘာကိုဆိုလိုတာလဲဗျ။ လမ်းက ခင်ဗျားကိုသယ်ဆောင်လာခဲ့တာ မဟုတ်ဘူးလား။ သေသေချာချာတော့ပြောလို့မရဘူးပေါ့ဗျာ။ သေချာတယ်ဆိုတာကိုက ဘယ်လောက်များ သေချာတာလိုက်လို့။ စကားမစပ် ကျုပ်ရေးတာတွေ ဖတ်လားဗျ၊ ဘာရေးထားတယ်ဆိုတာကော မြင်သာရဲ့လား။ကျေးဇူးတင်တယ်ဗျာ။ ခုလို နှုတ်ဆိတ်နေလိုက်တာ၊ အရမ်းတာသွားတာပဲ၊ ကြိုက်တယ်ဗျာ။ အလိုလို ကြိုက်တယ်။ ပေါင်းလို့ဖြစ်ပြီဗျ။ လမ်းတူတယ်ဗျ။ တလမ်းထဲပဲ။ ဟောဒီ လမ်းမျိုး။ လမ်းအမျိုးမျိုးရှိတယ်။ တလမ်းထဲပဲ ရှိတယ်။ ဒီတော့တလမ်းလမ်းထဲဝင်လိုက်သွားကြတာပေါ့။(ဦးထုပ်ကို ချွတ်ကာ လက်ကကိုင်လာပြီးမှ မလုံခြုံဟန် ဖြင့်ပြန်ဆောင်း) ရောက်ပြီလား။ ကျုပ်တို့သွားနေတာ ဒီနေရာလား။ သေချာလား။ ဘယ်နေရာမဆိုလား။ တွေ့ရတာ ၀မ်းသာ တယ်ဗျာ။ ဒါနဲ့ ခင်ဗျား ကျနော့် ကိုစောင့်နေတာလား။ ကိုယ့်ဟာကိုယ်ထိုင်နေတာလား။ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ခင်ဗျားနဲ့ကျနော်မိတ်ဆွေတွေဖြစ်ကြပြီလား။ဝိုင်(အလွန်စိတ်ပျက်ညစ်ညူးနေသော မျက်နှာဖြင့်ထိုင်နေရာမှ ဟန်လုပ်မှန်းသိသာစေသော အမူအယာသို့တမင်ပြောင်းမှန်းသိသိ ပြောင်းလိုက်ပြီး) အေး ဗျာ။

(--X--)