Sep 18, 2009

ဘာသာစကားသတင်း

ဘာသာစကား ချိန်ခွင်လျှာ ညှိမရဘူး။

ယနေ့ ခရစ်သက္ကရာဇ်……..၊ ကောဇာသက္ကရာဇ်……ဘာသာစကားသတင်းများကို ကျွန်တော် ဖတ်ကြား သွားပါမယ်။

သတင်းခေါင်းစဉ်။ ။

၁။ ဘာသာစကားက လူမျိုးကို ထင်သလောက် မလွှမ်းမိုးနိုင်သည်ကို လူမျိုးမတူ ဘာသာစကားမတူသူများက ထုတ်ဖော်ပြောကြားလိုက်ကြောင်း။
၂။ ဘာသာစကားနဲ့ ဆက်ဆံရေး ပြောင်းလဲရန်ရှိ၍ မည်သို့ပြောင်းလဲသင့်သည်ကို သိရှိနိုင်ရန် ဘာသာစကား အဖွဲ့များ ဘာသာစကားမဲ့ နိုင်ငံသို့ ယနေ့ရောက်ရှိလာကြောင်း။
၃။ ဘာသာစကား အကျဉ်းသားနှစ်ဦး တိုက်ပိတ်အပြစ်ဒဏ်ပေးခံရကြောင်း။
၎။ ဘာသာစကား အဏုမြူထုတ်လုပ်ရေးမှာ ဘာသားစကားလေ့လာရှာဖွေရေးအတွက်သာ ရည်ရွယ်ကြောင်း။
၅။ ဘာသာစကား အဏုမြူဗုံး ထုတ်လုပ်နိုင်မှသာ ဘာသာစကားလုံခြုံရေးကောင်စီသို့ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း။
၆။ဘာသာစကား မှောင်ခိုတင်သွင်းသူများအား ဘသာစကားတာဝန်ရှိသူများက ထိန်းသိမ်းလိုက်ကြောင်း။
၇။ဘာသာစကားတုပ်ကွေးရောဂါများပျံ့နှံ့နေသဖြင့် မည်သည့်ဘာသာစကားအသင်းသားများမဆို ဘာသာ စကားစည်းများ သုံးစွဲကြပါရန် တိုက်တွန်းလျှက်ရှိကြောင်း။
၈။ဘာသာစကားလိင်ပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း။ ဘာသာစကားလိင်ပြောင်းသူများအား ဘာသာစကားဝင်မှုကြီးကြပ်ရေးမှ ဘာသာစကားမှတ်ပုံတင်ကဒ်ပြားများ ပြောင်းလဲပေးမည်ဖြစ်ကြောင်း။
၉။ထိန်းသိမ်းခံ ဘာသာစကားများ လွတ်မြောက်ရေး ကြိုးပမ်းလျှက်ရှိကြောင်း။
၁၀။ဘာသာစကားအကြမ်းဖက်ခံရမှုပပျောက်ရေး ညီလာခံအား ယနေ့ ကျင်းပကြောင်း။
၁၁။ဘာသာစကားပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဘာသာစကားများအား ကျွတ်ကျွတ်အိတ် မသုံးစွဲရန် နှိုးဆော်လျှက်ရှိကြောင်း။
၁၂။ဘာသာစကား ပိုလီယိုတိုက်ကျွေးရေးနေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း။
၁၃။ဘာသာစကားနယ်လှည့်ဆက်ဆံရေး အဖွဲ့များမှ ဘာသာစကားအကြောင်း အသေးစိတ် သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းမှုများပြုလုပ်လျှက်ရှိကြောင်း။
၁၄။ဘာသာစကားအင်အားသည် ဘာသာစကားအတွင်းမှာသာရှိ၍ ဘာသာစကားများသည် ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးရမည်ဖြစ်ကြောင်း။
၁၅။ဘာသာစကားဥ အတုများ ပေါ်ပေါက်နေသည့်အတွက် ဘာသာစကားနိုင်ငံသားများအနေနှင့် ဘာသာ စကား ဥအတုအစစ်ခွဲခြားစားသုံးရန် လိုအပ်ကြောင်း သတိပေးပြောကြား။
၁၆။ဘာသာစကားအထက်၌ မည်သူမျှ မရှိကြောင်း။
၁၇။ဘာသာစကားထုတ်လုပ်မှု အရည်အသွေး တိုးမြှင့်ရေးအတွက် ဘာသာစကားတာဝန်ရှိသူများက သွား ရောက်လှည့်ပတ် စစ်ဆေးလျှက်ရှိကြောင်း။
၁၈။ဘာသာစကားရွေးကောက်ပွဲကို ဘာသားစကားလမ်းစဉ်း၇ချက်နဲ့အညီ အောင်မြင်စွာကျင်းပနိုင်ရေးသည် ဘာသာစကားတိုင်းတာဝန်ဖြစ်ကြောင်း။
၁၉။ဘာသာစကားပိတ်ဆို့ရေးအား ပြန်လည်သုံးသပ်သင့်ကြောင်း။
၂၀။………………………………………………………………………..။


(--Y--)

No comments:

Post a Comment