Sep 18, 2009

လူရာဝင်

ဓာတ်ပုံမရိုက်ဘဲ ဓာတ်ပုံ တိုက်ပ် ပြောင်းလိုက်တယ်၊ ရလား အဆင်ပြေလား။
ရတယ်၊ အဆင်ပြေတယ်နော်
နောက်ဆိုရင်
ပုံစံခွက်ထဲ မထည့်ဘဲ ပုံစံတကျ လုပ်ကြည့်ရအောင်
“ဟယ်လို, ဟုတ်ကဲ့”
“ပြောနေပါတယ်၊ ဟယ်လို၊ ဟုတ်ကဲ့”
“ကျ ကျ သွားတယ်၊ မကောင်းဘူး”
တက် တက် သွားရင် ကောင်းသလား
မနေ့က ကလေး လေး အူတက်မတတ် ရယ်နေတာ
ဟိုနေ့က ဟိုအဒေါ်ကြီး ငိုရင်းနဲ့ ဟိုမှာ တက် တက် သွားတယ်
ဟိုတခါ ဒီတခါ တက်ရင် ခြေမချိုးချ
ကုန်ဈေးနှုန်းတွေ တက်လာတယ်
စီးပွားရေးတွေ ကျ ကျ လာတယ်
ကဗျာရေးနှုန်း ကျသွားသလိုပဲ
အရည်အသွေး စိစစ်နေလို့လား
အရည်အချင်းရော တိုးမြှင့်ရဲ့လား
ဓာတ်ပုံကို နုတ်ပက်နဲ့ဖွင့်လိုက်တာမသိပေမယ့် ရှိပြီးသား ဘာသာစကား
တချို့ ထွက်ကျလာတယ်
နာမည်မရှိသေးတဲ့ အသစ်ကလေးတွေ
မျက်စိ=ùau
နား=²!X;­v¹Û¡•
နှာခေါင်း==ê8á’L±(`8#Ò¡–v}À�ÉíL™
လည်ချောင်း=BùuààÐ"U:Š³.À„
လက်=sæ®7 Zåµ-æßP½ºÒ.Ò
ကိုယ်လုံး=”ý¦ÖåC>F
ခြေထောက်=váXys+ü¼€€g=ªþ¡j–×P´WðÞ!wD¥J0탌ãÔpi†Ý
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်
ကာထားတယ်၊ မကွယ်ထားဘူး
မြင်နေရတယ် ခင်းဗျားတို့ လက်သီးနဲ့ မထိုးနဲ့
မကွဲဘူး ခေါင်းနဲ့ မတိုက်နဲ့ မလဲဘူး
ပစ်စလက်ခတ်ကို ပဉ္စလက်ဆရာ ရှာတွေ့သွားတယ်
ပင်နယ်စလင် ရှာတွေ့ခဲ့တယ်
မီးကို ဖန်ပေါင်းချောင်ထဲ သွင်းလိုက်တယ်
လေလုံခန်းထဲ တွေ့ ရှိချက်တွေ တွေ့ရှိချက်တွေ
နို့ဆီခွက် ကြိုးတပ်ထားပေမယ့် တစ်ယောက်နဲ့ တစ်ယောက်
ဆက်သွယ်လို့ရခဲ့တယ်
ကော်နက်ရှင် ကော်နက်ရှင်
တွင်တွင် ကျယ် ကျယ် ကျယ် ကျယ်တွင် တွင်
ဖက်ရှင်တစ်ခုအဖြစ် ဆေးဘက်ဝင်လို့ ဈေးကွက် ၀င်သွားခဲ့တယ်။ ။

(--Y--)

No comments:

Post a Comment