Oct 16, 2012

ဖြေလျော့ခြင်း နင့် သီအိုရီ

မြင်ကွင်း
ဟာ
ကျဉ်း
ကျုတ်ပြီး
ဝက်
သစ်
ချပင်များ
စု
စည်းရာ
အဘိ
ဓမ္မာ
တရားများ
ကုန်းမြင့်
ပေါ်မှာ
ခြေ
သလုံး
သား
အလှပေါ်
လွင်အောင်
စက်
ဘီး
စီးသွား
ပုံ
လေးက
လှတော့
ဆိုရာ
ဝယ်
တယ်လီ
ဗစ်ရှင်းမှာ
ချိုင့်ထဲ
မြောက်ကြွ
တက်
မြောက်
ကြွ
ကျ
သွားပုံ
တစ်ဦး
ချင်းစီ
အဘိ
ဓာန်
ထဲ
ပြန်
ရှာ
ကြည့်
ရတယ်။             

Y

Sep 7, 2012

†hê þêr§ðñ ¥ðµ ¢ållêÐ ï§ ßµ§¥

hðw årê ¥ðµ?
Ì jµ§† å§kïñg ¥ðµ. †hå† ï§ ñðrmål êvêñ†. HÖw ¥ðµ †hïñk †hå† ï§ rêål lï£ê?
Èvêr¥ßÖÐ¥ ï§ Ä§KÌñg †hå† kïñÐ ð£ Qµê§†ïðñ. †hå†'§ ñð† ållðwêÐ †ð w冢h †hå† mðvïê µñÐêr ¹8. þG¹³
¥êåh. Wï†h þårêñ† Çðñ†rðl. KïñÐå £ðgg¥ . Ðð ¥ðµ lïkê ï†! Hðw ¥ðµ Lïkê ï†.
Ì †hïñk whêrê ï§ ðµr ¢ðvêr§å†ïðñ. WÈ §HðµlÐ §†ðþ ï†. WåR
̧ †hĆ ÇÄlL WÄr. Må¥ Ì KñðW †hê ÄÐRê§§. §µrê ñð† Çðñ¢êrñ wï†h ÇÌvïLÌZå†ïðñ.
†HåñK ¥ðµ lïñgµï§†ï¢§ LÄñGÚåGê ñêW mÈÐïÄ þðȆ Çðñ†êx† Äll Ìñ Öñê Çlï¢k £ðr §µrê ...
THanK You linguistics LAnGUaGe NeW mEDiA PoETics ConText All In One Click for Sure
†hå† Må¥ ßê Håþþêñ ñð wðñÐêr
I want to learn Chinese.
我想学中文。wǒ xiǎng xué zhōngwén (click it)
我是美国人
w
ǒ shì měiguórén
I am not American.
我不是美国人
w
ǒ bùshì měiguó rén (Click it)
你好?
n
ǐhǎo ma? (Çlï¢k ï†)
hðw årê ¥ðµ? ñå¥ kg lår? နေကောင်းလား
အဆုံးသတ်မှာ
†hê ÈñÐ


(--Y--)

Aug 31, 2012

နုပဿနာ

ဟေး နေကောင်းလား?
နေကောင်းတယ်
ရာသီဥတုကြောင့် ချောင်းနည်းနည်း ဆိုးတယ်/ဆိုးတာ အဆင်ပြေလား
ခေါ်ရာနောက် တကောက်ကောက် လိုက်ဖို့ အားမွေးထားတယ် ဒီမှာ
သဘာဝအလျောက် စိမ်းလန်းမှုဟာ
နည်းပေမယ့် ပိုးသေအောင်တော့ သောက်ကို သောက်ရမယ် ဒီဆေးကို ဒီတစ်ပတ်လုံး
တရစပ် ယပ် ယပ်(ယဲ့ယဲ့) ယပ်တောင် အခပ် မပြတ်ဘူး
လွမ်းသေးလား လွမ်းသေးတယ် ရွှေရုပ်လေးကောက်ရသူ စီးရီးဟာ
ပူလား ပူတယ် ဟယ်လို ဟယ်လို စီးဆင်းမှုအရ အရင်လိုပဲ စကားပြောတွေ
ထည့်ထည့်သွားမယ် ရင်ထဲ ဂျော်နီလမ်းလျှောက်ဟာ ထိုးဆင်းသွားတယ်
တရှိန်ထိုး စာတန်းထိုး ရုပ်ရှင်တွေ ကြည့်ရတာ ဘတ်စ်ကား တွယ်စီးရတဲ့ အရသာ
ဘားကုတ်ကို စကန်လိုက်ရုံနဲ့ ဘူတာရုံထဲ အလိုလို ထွက်ကျလာ
ဖြတ်သန်းမှုအရ နှာခေါင်းတွင်း လေဟာ ခန္ဓာကိုယ်ထဲ တိုးဝင်သွားတယ်
ယောဂီပုဂ္ဂိုလ်အတွက် အသက်ရှုမှန်ဖို့ ခါးရိုးကို ဖြောင့်မတ်ထားဖို့ လိုတယ်
စက်တစ်ခုလို လှုပ်ရှားဖို့ ဘာတစ်ခုမှ မလိုဘူး ဦးဏှောက်
ယောင်ခြောက်ဆယ်နောက် တကောက်ကောက်
စီးဖြန်းထားတယ် စည်းတန်းထားတယ် တောက်လျောက်
လူကြီးမင်း ခေါ်ဆိုရာနောက် အစက်အပျောက်
ဖျောက်ထားတဲ့ ပုရွက်ဆိတ် တစ်ကောင် ပေါ်လာတယ်
ဟေး နေကောင်းလား နေကောင်းတယ်။                

(--Y--)

Aug 23, 2012

ကဲ လှလှပပ ဖျားပြီ


အမှောင်ထဲ လက်တစ်ဆုပ်စာ အလင်းမှာထိုင်
စခရင်စွဲလန်းမှု မရှိရင်မနေတတ်တဲ့ရောဂါ
ဒါ ပြဿနာ
ဖြတ်
မရတဲ့ ဦးနှောက်အာရုံ
လှုံ့ဆော်မှုနောက်မှာ အလန်းပဲ အလန်ပဲ
ဝဋ်ကြွေးပဲ
နှဖူးလေးစမ်း ပြီး ချော့သိပ်
အို
အိပ်တော့မယ်
မရ
တို့ဟူးနွေးဟာ ဆက်စပ်မရ
သင်ခန်းစာ
မြင်ရ
ဒုက္ခ
အနုပညာ။            

Y

May 7, 2010

ဟဲလို သီတင်း ပြန်ပေါ် အသေးစိတ် မဲ အသာ စံနစ်ကြီး ကဗျာ စိတ်ကူး အက္ခရာ


ပြတ်တောင်းပြတ်တောင်း
နောက် ပြတ်တောင်းပြတ်တောင်းပဲ
ပြတ်နေတယ် မဆက်မိဘူး ဒါပေမယ့် အပြီးပြတ်နေတာလဲမဟုတ်တဲ့
ပြတ်တောင်းပြတ်တောင်း
ဟဲလို …
အဲဒီနောက်မှာ သီတင်း နှစ်ပတ်လောက် ပျောက်သွားတယ်
ပျောက်သွားတာတွေ နောက်ပြန်ပေါ်မလာတာတွေ နောက်ပြန်ပေါ်လာတာတွေ
အသေးစိတ်ရဲ့ အသေးစိတ် ပြတ်တောင်း ပြတ်တောင်း
/အောက်(ထ်)ဗို့(ထ်)/ vt.  မဲ အသာဖြင့် အနိုင်ရသည် ပြတ်တောင်းပြတ်တောင်း
ပျောက်သွားတာတွေ နောက်ပြန်ပေါ်မလာတာတွေ
လူမှုရေးစံနစ်ကြီးဟောင်းလာလျင် ပြတ်တောင်း ပြတ်တောင်း
ဒီကဗျာကို ပြတ်တောင်း ပြတ်တောင်း ရေးမည်ဟု စ စိတ်ကူးစဉ်က ပြတ်တောင်း
ပြတ်တောင်း မစဉ်းစားမိသေးသည့် ပြတ်တောင်း ပြတ်တောင်း ဒီအက္ခရာ ဒီစကားလုံး ပြတ်
တောင်း ဘယ်နှယ့်လဲကွယ် ပြတ်တောင်း ဘာတွေဖြစ်နေတာလဲဟ..ပြတ်
တောင်း



ပြတ်တောင်း ပြတ်တောင်း။         ။

X

Apr 11, 2010

အမှိုက်စလေး ၀င်သွားတာနဲ့ စ ကမ္ဘာကြီးပြားလာတယ်နဲ့ ဆုံး

မနက်ဖြန်မှာ ရုပ်ရှင်ရုံသွားမယ်။ ရုံပေါက် တည့်တည့်က ၀င်မယ်။ အပေါက်စောင့် ရှိ/မရှိ ဒါ အခရာပဲ
ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး ပေးထားတဲ့ မျက်မှန်တွေ
အချိန်တန်ရင် ခေါင်းလောင်းထိုးမလား
ဒါဟာလည်း ပြယုဂ်တစ်ခုပဲ
ထိုင်ခုံဟာ ဘေးတစ်စောင်း
ကန့်လန့် ဖြတ်သွားပေမယ့် မျက်နှာပြင်က ခွက်မနေဘူး
လိုင်းတွေက နက်တယ်
အရုပ်တွေက ပြတ်တယ်
ခက်ခက်ခဲခဲ မီးလင်းဖိုထဲ
ယင်ကောင်လိုလို ပိုးဖလံလိုလို
ဖန်ပေါင်းချောင်ထဲ မျက်နှာဟာ
သေပြီ သေးပြီး သေပြီး
မျက်လုံးတွေ မေ့မရဘူး
စာတန်းတွေ ဖျက်မရဘူး
ဖြတ်ပိုင်းတွေ ပြေးပြေးလွှားလွှား
ကျောင်းတော်ကြီးဟာ ပြေးပြေးလွှားလွှား
အဖွင့်စံနစ် အပိတ်စံနစ်
ကျော်ခွပြီး ရောက်ရှိလာမယ်
ရုပ်ရှင်ရုံသွားမယ် ဟုတ်ချင်လည်း ဟုတ်မယ်
မဟုတ်ချင်လည်း မဟုတ်ဘူး
မနက်ဖြန် အပေါက်စောင့် ရှိ/မရှိ အချိန်တန်ရင် ခေါင်းလောင်းထိုးမယ်
အ၀င်ဝဟာ ပြေး ပြေး လွှား လွှား
ဒါ အခရာပဲ ဒါအက္ခရာပဲ
ပြေးပြေးလွှားလွှား။ ။

(--Y--)

Apr 3, 2010

ဘလာh ဘလာh ဘလာh


ကိုယ့်မှာ ဆွဲဆောင်မှုမရှိပါ
ကုလားထိုင်တလုံးမှာ ဆွဲဆောင်မှုရှိသည်
ကတုံးကို ဖြတ်ပေးလိုက်တယ်
အပေါ်ယံမလိုင်
နွေဦးကိုဖက်ပွေ့စဉ် ဖက်ပွေ့စဉ်
ဖက်ပွေ့စဉ်
ဖက်ပွေ့
ဖက်
ဖက်ဆစ်ဝါဒီလား
အလန့်တကြား တုံ့ပြန်
တိုက်စစ်ဟာ တိုင်ပတ်နေပြီ
ဒီ ခြောက်ခုပဲ
(အပြီးပေါက်)
ရှုပ်ရှုပ်ထွေးထွေးတွေကြားထဲမှာ
ဟင်န်နီကင်န်
အဟောင်းပုံမှာတော့ အကြောင်းဆုံစရာမရှိ
မျဉ်းစောင်းမပါ ကဗျာမဖြစ်
လေထဲမှာ ဝဲလည် ဝဲလည်
သတင်းစာစက္ကူ ၃၀ သားခန့်
အဖြူ အပြာ
အပြာ အဖြူ
ပိုက်ကွက်ထဲမှာ ရေသတ္တဝါ
မြွေပါလည်းဆုံး သားလည်းဆုံး
အရှုံးပကတိ
အပိုင် လုပ်လိုက်တာပဲ
၄၂ - ၂  - ၎
အတန်းလိုက် တစောင်း
For more information please call blah blah blah.

X

Feb 27, 2010

သေနေတဲ့ လက်ဖျံရိုးတစ်ချောင်း ကောက်ရမယ်လို့ ပြောနိုင်လား

နေရောင်က လင်းပွင့် အန်ထွက်
လက်ပိုက်မနေနဲ့
ခါးထောက်မနေနဲ့
ရပ်တည်မနေနဲ့
လှဲချလိုက်။

မူးနေရင် ဘေးမှာရပ်နေ
မူးနေရင် အသာနေ
မူးနေရင် အိမ်ပြန်အိပ်
မူးနေရင် ပေါက်ကရ (လျှောက်)မလုပ်နဲ့
အိုကေ
တာ့တာ
ဘိုင့်ဘိုင်
မနက်ဖြန် ပြန်တွေ့ကြမယ်
အာမ မခံ

ဒီမှာ ဒီမှာ

ပျောက်ဆုံးသွားတဲ့ ညနေတွေ
ညှို့ယူခေါ်ငင်စားသုံး ကျသူတွေ
အပေါက်တစ်ပေါက်ပြီးတစ်ပေါက်
မျက်ရည်ကြီးငယ်

ဝံပုလွေတေးသွား ညည်းချင်းကဗျာ
ဘာမှ မရမှတော့ ဘာ ပေးဆပ်ရမှာလဲ

ကိုင်လိုက်
အခုမြည်နေတဲ့ ဖုန်းမှာ လူကြီးမင်းဟာ
ခင်ဗျား ကော ကျွန်တော် ကော ။ ။

(--Y--)

Feb 21, 2010

ဖတ်လေ့ ဖတ်ထရှိသောမှာ ကိုယ်ပိုင်ဖြစ်ရန် ရေနွေးငွေ့ ဖြင့်မောင်းနှင်သော မြင်းကောင်ရေအားများ ပြိုင်ပွဲဝင်ရန်များ ညီအစ်ကို မသိတသိ မရေမရာများ ရုန်းကန်ရင်း ရုံ့ရင်း ဆံခတ်များ နားလည်မှုဆင်းရဲသော ငပေါများ ၀ိုင်ယာလက်စ် စံနစ်သုံး ကာတွန်းဇာတ်ကောင်၏ ဟက်ဟက် ပက်ပက်ရယ်သံဖြင့် တစ်နေ့သ၌ အကျွန်ပ်သည်။


၁။ ကာလအတန်ကြာမလုပ်ပဲ ထူးထူးခြားခြားတိုးတက် …. ၍စိတ်ပင်ပန်းမှု အနည်းငယ်။

၂။ လူ့သက်တမ်းသည် ခွေး ၂  နှစ်သက်တမ်းနှင့် သို့မဟုတ် သက်ကြီးပိုင်းအခြေအနေ။

၃။ သေးတဲ့ အစုအရုံး(အတုံးအရုံး) လျှံချိန်လျော့နည်းဘို့ ပွတ်တိုက်နေရတာ အာရုံလွှဲ ဆော့ကစားခြင်း။

၎။ မွတ်ခ်ျတာသည် ယောက်ျားအုပ်စုတစုနှင့် ရင်ဆိုင်ရချိန်တွင် ရှက်စိတ်နဲ့နာကျင်ပြီး အခုတော့-

၅။ စင်ပေါ်ပစ်ပေးသည့် ပိုက်ဆံတွေ မီးလာခိုက်ကြုံလျင် အထက်ကောင်က စလန်းဒေါ့ သင်းသည်။

၆။ အတိဒုက္ခရောက် “ ရှေ့သို့လမ်း” နောက်မီးကိုဘွားကနဲ သူ့ထိုက်နဲ့သူ့ကံ (ဓါးပြ) သီချင်းသံတွေ။

၇။ အဆောက်အအုံကို ဆံပင်ဖီးရသောဘီး ဘီယာမှာအရောင်ရှိသည် စာမျက်နှာရဲ့ဘယ်ဘက်အခြမ်း။

၈။ အထိုင်မျိုးစုံမှ ၀က်စဖေးလီးယားအထိုင် စွမ်းဆောင်ရည်ဟာကွက်ကို ပျံ့နှံ့နေသည့် အဓိပ္ပါယ်အင်အား။

၉။ ဒူးညွတ်သည် ထင်လေသည် ဒေါနှင့်မောနှင့် မျက်နှာချေနှင့် လူခပ်သိမ်းတို့အား အူချာကြောင်လည်စွာ။

၁၀။ ဒီကိစ္စ..သိပ်ကို၊ ပေါက်ပန်းဈေး၊ နိမိတ်ပုံ(ခပ်တည်တည်ပဲ)၊ အရင်းအမြစ်ခိုင်မာ၊                                                                                                                            ခွဲထွက်ဖို့ခေတ်ပေါ်ကဗျာ။

၁၁။ မည်သည့်ရန်မှ ကာကွယ်ရမည်နည်း။ မည်သူမှန်းမသိသော လူတစ်ယောက် ရန်မှဖြစ်သည်။

၁၂။ နောက်တစ်အုပ်ဆွဲယူလိုက်ဖို့(တော်တော်ပျင်းစရာကောင်းတယ်) အမည်မဖော်လိုသူ၏ဆန္ဒအရ။

၁၃။ ဖြုတ်ချလိုက်တယ် မလျှောက်သာ/မရှောင်သာသော လမ်း(အမြှောင်) ဒုတ်ဒုတ်ထိ။

၁၄။ ပြီးတော့ မီးတောက်မီးလျှံတွေက တက်စနူးနဲ့ ကုနာ့ဒ် ဘာမှမရှိခြင်း မုန်လာဥနီ
                                                                                                more pricks than kicks (.)။

၁၅။ လူပိန်ပိန်ကလေး ဥာဏ်ပညာ တိုတို ရှက်စရာကိစ္စဟူ၍ အစနှင့်ချုပ်ရိုးများလည်း                                                                                                              လိမ်းဖြူး၍ပေးပြန်လေ၏ ။

၁၆။ ပဒုံမင်းနဲ့မိဘုရားကြီး အဲဒီကျမ်းကို ၀ါးစက္ကူသုံးပြီး ပူရေဟဇ္ဒရပဏ် အတိုင်းဆက်ပြီး                                                                                                                                  ဓမ္မသတ်အကြောင်း။

 ၁၇။ ရှိုကုဟိန် စန်ပုရု ယင်နားပိုးတွယ်ပုတ်သိုး ပုံတူရုပ်တု သာမညစားစရာတွေ အူတကြုတ်ကြုတ်။

၁၈။ ကောင်းဘွိုင်ရှပ်အင်္ကျီ ဟောင်းဝပ်ဒ် အမည်ရခွေး လေလံပွဲ ၀က်ဝံရဲ့ နားရွက်ပေါက်ထဲ
                                                                        လေမှုတ်မသွင်းလေနဲ့။

၁၉။ အရွယ်ရောက်စ ယောက်ျားလေးဘာသာဘာဝ သူ့ညာလက်နဲ့သူဖြေရှင်းရပုံမျိုးကို ကြီးကျယ်ခန်းနား
                                                                                                            သော စန္ဒယား။

၂၀။ တိမ်တွေဟာ (အငြင်းပွားစရာမလိုပဲ) ဖြူတယ် (၀ါ) ပြာတယ် (၀ါ) ညိုမှောင်တယ် (၀ါ)                                                                   ပန်းသွေးတောက်တောက် (၀ါ) လိမ္မော်ညစ်ညစ် (၀ါ) အ(၀ါ)။

၂၁။ မျောက်ခုန်ခုန်ကာ ထားခဲ့ဖူးသည့်ကတိဖျက်ပြီး အိုးတိုက်လှည်းက နွားပိန်အိုကြီးကဲ့သို့။

၂၂။ သုံးဖက်ယဉ်ကျေးမှု စကြာယဉ်ပျံသင်္ဘော ၀မ်ကျားပေါင်နှင့် မန္တလေးတိုင်းရှိ ကုက္ကဲတောင်                                                                                                            စက်ဆီချောဆီ။

၂၃။ ကိုယ့်ဟာကိုယ်အလိုက်သင့်ကူးခတ်သွားဖို့ပဲ ဖဲကြိုးဝါနဲ့ယုဇနပင် တမဟုတ်ချင်း ဆင်ခြင်နိုင်ဖို့မျှ။

၂၄။ တူစွ ဟုတ္တာ။       ။

(- X -)

Feb 6, 2010

သုည ဒဿမ ဇီးရိုး


ရေခဲမုန့် အရည်မပျော်နိုင်အောင် ငေါင်းစင်း
စက်နှိုးတာ ပန်ကာကိုမလှုပ်နိုင်အောင်
မတင်လိုက်တာ ဘီးချောင်ပြီးကျွတ်ထွက်သွားဖို့ လှုံ့ဆော်ကြည့်ရင်း
ဆေးရောင်ဟာ ကြွတက်လာ
မိုးကထစ်ချုန်း ကျလာ
မီးခြစ်ဆံထိပ်က အတွန့်ကလေး တတွန့်
ထုံးဘူးနဲ့ ဆားကြမ်းတစ်ထုပ် ကျောက်ချဉ်မှုန့်တအိတ်
ရေဘူးထဲ ထည့်ထားတဲ့ ရေကို အရက်လို အငမ်းမရမော့ချလိုက်တယ်
ဆိုင်ကယ် ဆိုင်ကွယ် ဆိုဒ်ကွယ်
လိုင်စင် အတိုင်း အတိအကျ ပစ္စည်းအမျိုးအမည်၊ ရေတွက်ပုံ၊ CIF ပရိုက်စ်
လူကြီးမင်း ပြောဆိုသော ဝေါဟာရများ ကျွန်တော်တို့ ဘာတစ်ခုမျှ နားမလည်ပါ
( ရည်ရွယ်ချက်ရှိရှိ) ပြုလုပ် ပြုပြင် ပြန်လည် ထုတ်လုပ် လုပ်ငန်းမှ
တစ်ရာ့တစ်ကြိမ်မြောက် အဲဒီလိုတွေ ချည်းပဲ
အမွှေးညှပ်လိုက်ဖို့ကို ဗျူတီပါလာမှာ တစ်ဆို့ဆို့
ခေတ်သစ်အနုပညာ..ဟား..ဟား လာပြီ အဲဒီ စပ်ဖျဉ်းဖျဉ်းဆဗ်ဂျက်ထ်
နဖာကလော် အလံတိုင်ထိပ်မှာ လူလွင့်လူလွင့်
သူပိုင်တယ်ဆိုလို့အထောက်အထားလေးတောင်းကြည့်မိပါတယ် ထောက်ထားတဲ့
စက်ခလုပ်ကို နှိပ်ချလိုက်မယ် တကဲကဲ
ဖန်သားပြင်ပေါ် ငှက်လို့ပဲ မလွဲမသွေ ခေါ်မှ မှန်မယ့် (လူတွေနားလည်နိုင်မယ့်) အကောင်တစ်ကောင်
ကလေးကလား မဆီမဆိုင် မတော်တရော် မထော်မနန်း သူ့ကိုယ်သူ
ကဗျာဆရာ အသေးဆုံးအသံ အသေးဆုံး သမ္ဗန္တကအစ
ဒါတွေ (လှုပ်ခါနေသေးတဲ့)
အနုပညာ ပညာ ပညာ ပညာ ပညာ ပညာ ပညာ ပညာ ပညာ
             ပညာ ပညာ ပညာ ပညာ ပညာ ပညာ ပညာ ပညာ

(--Y--) ၏ ကဗျာ လိုင်းအစ စကားလုံးများ စကားစုများကို အခြေပြု၍ ကဗျာ တပုဒ် ပြန်လည်ဖန်တီး စမ်းသပ် ထုတ်လုပ်သည်။

(-- X --)

Feb 1, 2010

သုညဒဿမသုည

ရေခဲမုန့် အရည်ပျော်တာကြည့်ပြီးအစအဆုံး
စက်နှိုးတာ ပန်ကာလည်တာ ရွေ့သွားတာ
မတင်လိုက်တာ ဘီးခေါက်သိမ်းလိုက်တာ
ဆေးရောင်ဟာပျယ်လာပြီ
မိုးကချုပ်လာပြီ
မီးခြစ်ဆံ မီးခြစ်
ထုံးဘူးနဲ့ ကွမ်းအစ်
ရေဘူးထဲ ထည့်ထားတဲ့ ရေကို ရေသန့်ဘူးလို့ခေါ်တယ်
ဆိုင်ကယ်စီးပြီး မောင်းထွက်သွားရင်
လိုင်စင် ရှိ/မရှိ
လူကြီးမင်း ပြောဆိုသော ဝေါဟာရများ ကျွန်တော်တို့ ဘာတစ်ခုမျှ နားမလည်ပါ
ရည်ရွယ်ချက်ရှိရှိထုတ်လုပ်ပါ
တစ်ရာ့တစ်ကြိမ်မြောက် စံပြုသတ်မှတ် ဓာတ်ခွဲခန်းမှ
အမွှေးညှပ်ဖို့ မွှေးညှပ်တစ်ခုဝယ်ခဲ့တယ်
ခေတ်သစ်အနုပညာဆိုတာ
နဖာကလော် ထိပ်မှာ မီးလင်းလို့
သူပိုင်တယ် ငါပိုင်တယ် လောင်ကျွမ်းလို့
စက်ခလုပ်ဟာ လှုပ်ရှားလို့
ဖန်သားပြင်ပေါ် ပစ်ချနေတဲ့ ငှက်ဟာ သေပြလို့
ကလေးတစ်ယောက် ဆိုက်ဘာကဖီးရှာလို့
ကဗျာဆရာ laptop ကိုင်လို့
ဒါတွေ
အနုပညာ ပါ/မပါ။ ။

(--Y--)

Dec 20, 2009

ဒီအကြောင်းအရာအစက လွတ်လွတ်လပ်လပ် လစ်ဟာနေသော ခြေခြေမြစ်မြစ် ဖြစ်တယ်


                           Kiss me quick
ငါ့ကို မြန်မြန်နမ်းပါ မြန်မြန် ()ကွင်းစ ကွင်းပိတ် ကွင်းစ ကွင်းဆုံး လုံးဝဥဿုံ
နှစ်ပွင့် လေးပွင့် ခြောက်ပွင့် ရှစ်ပွင့် တစ်ဆယ့်ခြောက်ပွင့်
အဆုပ်လိုက် အခိုင်လိုက်ကြီး
တစ်ဆယ့်ခြောက်ဒဿမသုညခြောက်ကိုး
တစ်ပွင့်ပြီးတစ်ပွင့်
နှစ်ပွင့်ပြီး နှစ်ပွင့်
ဆူးတွေ
အပြွတ်လိုက် အတန်းလိုက်
လမ်းကြောင်းတစ်လျှောက် ဖျောက်ဖျောက် ပျောက်ပျောက်
Kiss me quick ငါ့ကို နမ်းပါ
မြန်မြန် မီးသတ်သမားတို့ရဲ့ ဘွတ်ဖိနပ် အကြမ်းကြီးတွေနဲ့ kiss me quick
ငါ့ကို မြန်မြန် လေသွားရာ ကျွန်းမျောများ
Kiss[ကစ်စ်]n.နမ်းခြင်း။ ဖြည်းညင်းစွာတို့ထိခြင်း။v.t နမ်းသည်။ ဖြည်းညင်းစွာတို့ထိသည်။ to kiss the dust or ground ပြားပြားဝပ်အောင် အောက်ကျို့သည်။ အသတ်ခံရသည်။ kisser n. ပါးစပ်။
Me[မီ] pron. ကျွန်တော်-ကျွန်ုပ်-အား-ကို-သို့-၌-မှာ-တွင်။ကျွန်ုပ်။ကျွန်တော်။ Dear me! အလိုလေး။ ဖြစ်မှဖြစ်ရလေ။
Quick[ကွစ်ခ်]adj. လျင်မြန်သော။ ထက်မြက်သော။ ဖြတ်လတ်သော။ ဉာဏ်ထက်သော။ quickly adv. လျင်မြန်စွာ။ quickness n. လျင်မြန်ခြင်း။ အမြန်။ ထက်မြက်ခြင်း။ ဖျတ်လတ်ခြင်း
                စိတ်
                 ၏
               အလျင်
              နှုန်းဖြင့်
        me            ငါ့ကို
      quick               မြန်မြန်
 kiss                           နမ်းပါ။

(--Y--)

Dec 15, 2009

သာမန်ပြုလုပ်ချက်တခု(၀၀၁ /၂၀၀၉)





လေ                
                                                                   လေ


                                                                                                                            လေ
                                 လေ

                                                             လေ

လေ

…….သံမှိုချက်………………………………..သံမှိုချက်…………………………………….သံမှိုချက်………………………………
             တ                                       တ                                           တ              
             ချ                                         ချ                                           ချ
             က်                                       က်                                           က်
သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား
သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား
သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား
သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား
သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား သစ်သား

(--x--)