Apr 11, 2010

အမှိုက်စလေး ၀င်သွားတာနဲ့ စ ကမ္ဘာကြီးပြားလာတယ်နဲ့ ဆုံး

မနက်ဖြန်မှာ ရုပ်ရှင်ရုံသွားမယ်။ ရုံပေါက် တည့်တည့်က ၀င်မယ်။ အပေါက်စောင့် ရှိ/မရှိ ဒါ အခရာပဲ
ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး ပေးထားတဲ့ မျက်မှန်တွေ
အချိန်တန်ရင် ခေါင်းလောင်းထိုးမလား
ဒါဟာလည်း ပြယုဂ်တစ်ခုပဲ
ထိုင်ခုံဟာ ဘေးတစ်စောင်း
ကန့်လန့် ဖြတ်သွားပေမယ့် မျက်နှာပြင်က ခွက်မနေဘူး
လိုင်းတွေက နက်တယ်
အရုပ်တွေက ပြတ်တယ်
ခက်ခက်ခဲခဲ မီးလင်းဖိုထဲ
ယင်ကောင်လိုလို ပိုးဖလံလိုလို
ဖန်ပေါင်းချောင်ထဲ မျက်နှာဟာ
သေပြီ သေးပြီး သေပြီး
မျက်လုံးတွေ မေ့မရဘူး
စာတန်းတွေ ဖျက်မရဘူး
ဖြတ်ပိုင်းတွေ ပြေးပြေးလွှားလွှား
ကျောင်းတော်ကြီးဟာ ပြေးပြေးလွှားလွှား
အဖွင့်စံနစ် အပိတ်စံနစ်
ကျော်ခွပြီး ရောက်ရှိလာမယ်
ရုပ်ရှင်ရုံသွားမယ် ဟုတ်ချင်လည်း ဟုတ်မယ်
မဟုတ်ချင်လည်း မဟုတ်ဘူး
မနက်ဖြန် အပေါက်စောင့် ရှိ/မရှိ အချိန်တန်ရင် ခေါင်းလောင်းထိုးမယ်
အ၀င်ဝဟာ ပြေး ပြေး လွှား လွှား
ဒါ အခရာပဲ ဒါအက္ခရာပဲ
ပြေးပြေးလွှားလွှား။ ။

(--Y--)

No comments:

Post a Comment