Feb 27, 2010

သေနေတဲ့ လက်ဖျံရိုးတစ်ချောင်း ကောက်ရမယ်လို့ ပြောနိုင်လား

နေရောင်က လင်းပွင့် အန်ထွက်
လက်ပိုက်မနေနဲ့
ခါးထောက်မနေနဲ့
ရပ်တည်မနေနဲ့
လှဲချလိုက်။

မူးနေရင် ဘေးမှာရပ်နေ
မူးနေရင် အသာနေ
မူးနေရင် အိမ်ပြန်အိပ်
မူးနေရင် ပေါက်ကရ (လျှောက်)မလုပ်နဲ့
အိုကေ
တာ့တာ
ဘိုင့်ဘိုင်
မနက်ဖြန် ပြန်တွေ့ကြမယ်
အာမ မခံ

ဒီမှာ ဒီမှာ

ပျောက်ဆုံးသွားတဲ့ ညနေတွေ
ညှို့ယူခေါ်ငင်စားသုံး ကျသူတွေ
အပေါက်တစ်ပေါက်ပြီးတစ်ပေါက်
မျက်ရည်ကြီးငယ်

ဝံပုလွေတေးသွား ညည်းချင်းကဗျာ
ဘာမှ မရမှတော့ ဘာ ပေးဆပ်ရမှာလဲ

ကိုင်လိုက်
အခုမြည်နေတဲ့ ဖုန်းမှာ လူကြီးမင်းဟာ
ခင်ဗျား ကော ကျွန်တော် ကော ။ ။

(--Y--)

1 comment: