မျက်နှာချင်းဆိုင်တည့်တည့် အိမ်
ပြတင်း ပေါက် တစ်ချပ်
လှပ်ထားတယ်
တစ်နေ့နေ့မှာ
တဖျပ်ဖျပ်လင်းနေတဲ့ ကြယ်တွေ
ဆီရောက်ဖို့ မူလီလေးတွေ
စုနေတယ်။
ယောင်ယမ်း အော်ဟစ်လိုက်သလား
လမ်းဘေးက
ကသစ်ပင်လေး တော်တော်ကြီးလာတယ်
ဆူးတွေ ဘာတွေ
ဘာဘာ ဘာမှ မသိပေမယ့်
ဘာဘာ ဘာ ဘာကို သိတယ်
တဟွပ်ဟွပ်
တဆစ်ဆစ် ကိုက်ခဲ
မော်ဒန်အကြောင်းပြောတုန်း
ကားမှတ်တိုင်မှာ ကား ရပ်
မရပ် မသိလိုက်ဘူး
လမ်းဘေးဆင်းလျှောက်
လမ်းဘေး ဆင်လျှောက်
ပို့စ်မော်ဒန် ပို့စ်မော်ဒန်
ရယ်စရာ သိပ်ပြောတာပဲ
ခေါင်းပေါင်းကြီးနဲ့ တောင်ရှည်ပုဆိုးနဲ့ အတောင် ဘယ်နှစ်ဆယ် ၀တ်ခဲ့လဲ။
ကောင်မလေးပြုံးနေတုန်း
ဝက်အူ အရစ်
ပြုန်းသွားတယ်
ဘာ လုပ် ရ မှာ လဲ
ဘာလုပ်ရမလဲ
လူဝင်စားလို့ပြောတာပဲ
မေမေရယ်
နောက်ပြန်လျှောက်လို့ရမှတော့ နောက်လှည့်ကြည့်စရာလိုသေးလား
မာလကာသီးကို ကြေအောင်စားပါတယ်
အာရုံက မလန်းဘူး
ရေသောက်ထားတယ်
ကဗျာဆရာရဲ့ ကဗျာ အရွေ့တွေ
ရွှေ့ပေးလိုက်တယ် နည်းနည်း ဘယ်သူ့ ဒိန်ခဲလဲ
ချဉ်စုပ်နေတယ်
ကြည့် ! နှုတ်ခမ်းဆိုးဆေးတွေ (sample)ပြထားတာ
လေထဲမှာ နမ်းကြ ရှုံ့ကြ
အိတ်သွန်ဖာမှောက် မြက်ခင်းပေါ် သွန်မှောက်ကြ
နို့ရည်တွေ
ဆန်းသစ်အတွေးနဲ့ ကြောက်ခမန်းလိလိ
လမ်းကိုပစ်သွားတဲ့ ဖိနပ်ကို သွားသတိရမိတယ်
မဆီမဆိုင် မငိုလိုက်ပါနဲ့ကွာ
အမှိုက်တောင်းထဲမှာ
(၁) ပုပ်စော်နံနေတဲ့ မျက်စောင်းတစ်စုံ
(၂) ခွာပြဲနေတဲ့ ကြက်ခြေခတ်တစ်ခု
(၃)စုတ်ပြတ်နေတဲ့ ရာသီတစ်ခု
(၄)အမည်မဖော်လိုတဲ့ ကဗျာတစ်ပုဒ်
(၅)စောင်းချိတ်ထားတဲ့ တီးလုံး
(၆) စွန်ပစ်ထားတဲ့ တောင်ပံ တစ်ဖက်
(၇) မျက်နှာပြင်မညီတဲ့ ထုထည်တည်ဆောက်မှု
(၈) ဟန်ဆောင်နေတဲ့ ဆက်ဆံရေး
(၉) ကြောက်လန့်နေတဲ့ မျက်နှာဖုံးတစ်ခု
(၁၀) အတု / အစစ်ခွဲခြားမသိတဲ့ အသိဉာဏ်
(၁၁) ရေမျောကမ်းတင် ဟာသများ
ဤခရီး ရှေ့ဆက်ဖို့လာခဲ့တယ်
ဤခရီးမဆုံးခင် လှည့်ပြန်ခဲ့တယ်
နေတဲ့ အိမ်ရဲ့
လမ်းမျက်နှာချင်းဆိုင်
တည့်တည့် အိမ် ပြတင်းပေါက်
တစ်ချပ်
လှပ်ထားတယ်
တစ်နေ့နေ့မှာ တဖျပ်ဖျပ်
လင်းနေတဲ့ ကြယ်တွေဆီ
ရောက်ဖို့ မူလီလေးတွေ
စုနေတယ်။
(--၀ိုင်--)
No comments:
Post a Comment