Oct 19, 2009

တွင်းမှန်သမျှ ငါတို့ တွင်းဖြစ်တယ်


တွင်းမှန်သမျှ ငါတို့တွင်းတွေ
ဖြစ်တယ် တွင်းမှန်သမျှ
အုတ်တွင်း၊ တောင်တွင်း၊ သဲတွင်း
တွင်းဟောင်းရေကြည်အေးမြသည်
ရေတွင်း အ၀ီစိတွင်း သဲတွင်း
ဆောင်းတွင်း တတွင်းလုံး
မိုးတွင်း တတွင်းလုံး
ငါတို့ တွင်းမှန်သမျှ
တွင်း တွေဖြစ်တယ်
မြွေတွင်း၊ ပွေးတွင်း
ကြွက်တွင်း၊ ပုရစ်တွင်း
တွင်းပိုး၊ တွင်းတောင်
ငါတို့ဖြစ်တယ် တွင်းမှန်သမျှ
တွင်းတွေ
ဆေးပညာနယ်ပယ်တွင်း
ဝေါဟာရအချို့ လေ့လာချက်
ကဗျာလောကအတွင်း ရေးသူ
ကူးစက်ရောဂါ ကဗျာန္တရယ်
ကျရောက်နေပါသဖြင့် ကဗျာများကို
နှာခေါင်းစီး တပ်ဆင်၊ လက်အိပ်ဝတ်၍
ကိုင်တွယ်ပါရန်
ကဗျာများ အရေးပေါ် ကုသမှု
လိုအပ်ပါက သက်ဆိုင်ရာအခန်း
များ၏နံရံများတွင် အရေးပေါ်
ခေါ်ဆိုရန် လိုင်းခွဲအတွင်း
လှိုင်းများအတွင်း
ဒေသအတွင်း ရေးသားပေးပို့ချက်
အရ ကဗျာရာသီဥတု မမှန်ကြောင်း
ကဗျာပါစာသားများ နေရာကွက်ကြား ရွာချလျှက်
ရှိကြောင်း၊ မိုးသည်းသော စာမျက်နှာ
များအတွင်း၊ ကဗျာသွား ကဗျာလာ
မကောင်း၊ ကဗျာမြောင်း
ပိတ်ဆို့မှုများ ဖြစ်ပွားလျှက်
ရှိရာ ကဗျာစည်ပင်သာယာ
ရေးကော်မတီများမှ ဌာနအတွင်း
အမှိုက်တွင်းများ တစ်တွင်းပြီး
တစ်တွင်း တစ်ကျင်းပြီး
တစ်ကျင်း တွင်းမှန်သမျှ ငါတို့
သဲတော ၀မ်းတွင်း မနက်ဖြန်မိုးလင်း
ကျောင်းတွင်း သန့်ရှင်းရေး
လုပ်ဆောင်ရန် မိမိအသင်း
တွင်းရှိ ခေါင်းဆောင်များ
ဦးဆောင်၍ အသင်းသားများနှင့်အတူ
ပေးအပ်ထားသော
ဧရိယာများအတွင်း ဟိုကောင်မလေး
ခမျာ သနားစရာ မီးတွင်းထဲတင်
ကျောင်းပုရ၀ဏ်အတွင်း
(ဘုန်းကြီးကျောင်း) ငှက်မပစ်ရ၊ အမဲ မလိုက်ရ
သာသနာ့ နယ်မြေ အတွင်း
တိတ်တိတ်ဆိတ်ဆိတ် စစ်အတွင်း
ကွဲသွားတဲ့ ညီနောင်တွေ
ဗီယက်နမ် စစ်အတွင်း၊ အီရတ်စစ်အတွင်း
ပထမမြန်မာ စစ်ပွဲအတွင်း၊ ဒုတိယကမ္ဘာစစ်ပွဲအတွင်း
အခုရေတွင်းတူး အခုရေကြည်သောက်ကြ
နတ်ရေတွင်းတဲ့ ဟဲ့ အတွင်းရောဂါ
အပြင်ရောဂါ။
ဝမ်းတွင်းစုန်းများလား
ဒီအတောအတွင်း ခင်ဗျား
သက်သာတာလား ချူချာတာလား
ငါတို့ မှန်သမျှ တွင်းတွေ
ဖြစ်တယ် အိပ်ရေးပျက်မခံနဲ့
မျက်တွင်းတွေ
ကျနေတယ် ညတွင်းချင်းသွားဖို့
လိုရင် တွင်းမှန်သမျှ ငါတို့တွင်း
ဖုန်းဆက်လိုက်ပါ။ စည်းအတွင်း
မ၀င်ရ ဖြစ်တယ် ကဗျာအတွင်း
ဆေးရုံအတွင်း၊ ဒေသတွင်း၊ နိုင်ငံတွင်း
ကမ္ဘာတွင်း၊ ကျောက်တွင်း
ရေနံတွင်း အာကာသတွင်း
သမုဒ္ဒရာတွင်း၊ စကြာဝဠာအတွင်း၊ နယ်ပယ်
အတွင်း ပယ်ပယ်နယ်နယ်
အတွင်းထဲ အထိ
လှိုက်စားသွားမယ်

တွင်းမှန်သမျှ ငါတို့ တွင်းဖြစ်တယ်။

တွင်းမှန်သမျှ ငါတို့ တွင်းဖြစ်တယ်။

တွင်းမှန်သမျှ ငါတို့ တွင်းဖြစ်တယ်။
တွင်း
မှန်

မျှ
ငါ
တို့
တွင်း
ဖြစ်
တယ်
ငါ
တို့။
(--၀ိုင်--)

2 comments:

  1. a yay a thar tway lann loon tae byar ^^

    _th

    ReplyDelete
  2. ခက်တာက ဆန်းတယ်ထင်လို့ လျှောက်ထွင်တိုင်း
    မော် ဒန် ဖြစ်မလာတာပဲ။
    ကိုယ့်ကိုကိုယ်သာ
    ကိုယ့်ဘာသာကို
    ဆန်း
    စစ်
    စေ..

    ReplyDelete