Apr 11, 2010

အမှိုက်စလေး ၀င်သွားတာနဲ့ စ ကမ္ဘာကြီးပြားလာတယ်နဲ့ ဆုံး

မနက်ဖြန်မှာ ရုပ်ရှင်ရုံသွားမယ်။ ရုံပေါက် တည့်တည့်က ၀င်မယ်။ အပေါက်စောင့် ရှိ/မရှိ ဒါ အခရာပဲ
ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး ပေးထားတဲ့ မျက်မှန်တွေ
အချိန်တန်ရင် ခေါင်းလောင်းထိုးမလား
ဒါဟာလည်း ပြယုဂ်တစ်ခုပဲ
ထိုင်ခုံဟာ ဘေးတစ်စောင်း
ကန့်လန့် ဖြတ်သွားပေမယ့် မျက်နှာပြင်က ခွက်မနေဘူး
လိုင်းတွေက နက်တယ်
အရုပ်တွေက ပြတ်တယ်
ခက်ခက်ခဲခဲ မီးလင်းဖိုထဲ
ယင်ကောင်လိုလို ပိုးဖလံလိုလို
ဖန်ပေါင်းချောင်ထဲ မျက်နှာဟာ
သေပြီ သေးပြီး သေပြီး
မျက်လုံးတွေ မေ့မရဘူး
စာတန်းတွေ ဖျက်မရဘူး
ဖြတ်ပိုင်းတွေ ပြေးပြေးလွှားလွှား
ကျောင်းတော်ကြီးဟာ ပြေးပြေးလွှားလွှား
အဖွင့်စံနစ် အပိတ်စံနစ်
ကျော်ခွပြီး ရောက်ရှိလာမယ်
ရုပ်ရှင်ရုံသွားမယ် ဟုတ်ချင်လည်း ဟုတ်မယ်
မဟုတ်ချင်လည်း မဟုတ်ဘူး
မနက်ဖြန် အပေါက်စောင့် ရှိ/မရှိ အချိန်တန်ရင် ခေါင်းလောင်းထိုးမယ်
အ၀င်ဝဟာ ပြေး ပြေး လွှား လွှား
ဒါ အခရာပဲ ဒါအက္ခရာပဲ
ပြေးပြေးလွှားလွှား။ ။

(--Y--)

Apr 3, 2010

ဘလာh ဘလာh ဘလာh


ကိုယ့်မှာ ဆွဲဆောင်မှုမရှိပါ
ကုလားထိုင်တလုံးမှာ ဆွဲဆောင်မှုရှိသည်
ကတုံးကို ဖြတ်ပေးလိုက်တယ်
အပေါ်ယံမလိုင်
နွေဦးကိုဖက်ပွေ့စဉ် ဖက်ပွေ့စဉ်
ဖက်ပွေ့စဉ်
ဖက်ပွေ့
ဖက်
ဖက်ဆစ်ဝါဒီလား
အလန့်တကြား တုံ့ပြန်
တိုက်စစ်ဟာ တိုင်ပတ်နေပြီ
ဒီ ခြောက်ခုပဲ
(အပြီးပေါက်)
ရှုပ်ရှုပ်ထွေးထွေးတွေကြားထဲမှာ
ဟင်န်နီကင်န်
အဟောင်းပုံမှာတော့ အကြောင်းဆုံစရာမရှိ
မျဉ်းစောင်းမပါ ကဗျာမဖြစ်
လေထဲမှာ ဝဲလည် ဝဲလည်
သတင်းစာစက္ကူ ၃၀ သားခန့်
အဖြူ အပြာ
အပြာ အဖြူ
ပိုက်ကွက်ထဲမှာ ရေသတ္တဝါ
မြွေပါလည်းဆုံး သားလည်းဆုံး
အရှုံးပကတိ
အပိုင် လုပ်လိုက်တာပဲ
၄၂ - ၂  - ၎
အတန်းလိုက် တစောင်း
For more information please call blah blah blah.

X