Kiss me quick
ငါ့ကို မြန်မြန်နမ်းပါ မြန်မြန် ()ကွင်းစ ကွင်းပိတ် ကွင်းစ ကွင်းဆုံး လုံးဝဥဿုံ
နှစ်ပွင့် လေးပွင့် ခြောက်ပွင့် ရှစ်ပွင့် တစ်ဆယ့်ခြောက်ပွင့်
အဆုပ်လိုက် အခိုင်လိုက်ကြီး
တစ်ဆယ့်ခြောက်ဒဿမသုညခြောက်ကိုး
တစ်ပွင့်ပြီးတစ်ပွင့်
နှစ်ပွင့်ပြီး နှစ်ပွင့်
ဆူးတွေ
အပြွတ်လိုက် အတန်းလိုက်
လမ်းကြောင်းတစ်လျှောက် ဖျောက်ဖျောက် ပျောက်ပျောက်
Kiss me quick ငါ့ကို နမ်းပါ
မြန်မြန် မီးသတ်သမားတို့ရဲ့ ဘွတ်ဖိနပ် အကြမ်းကြီးတွေနဲ့ kiss me quick
ငါ့ကို မြန်မြန် လေသွားရာ ကျွန်းမျောများ
Kiss[ကစ်စ်]n.နမ်းခြင်း။ ဖြည်းညင်းစွာတို့ထိခြင်း။v.t နမ်းသည်။ ဖြည်းညင်းစွာတို့ထိသည်။ to kiss the dust or ground ပြားပြားဝပ်အောင် အောက်ကျို့သည်။ အသတ်ခံရသည်။ kisser n. ပါးစပ်။
Me[မီ] pron. ကျွန်တော်-ကျွန်ုပ်-အား-ကို-သို့-၌-မှာ-တွင်။ကျွန်ုပ်။ကျွန်တော်။ Dear me! အလိုလေး။ ဖြစ်မှဖြစ်ရလေ။
Quick[ကွစ်ခ်]adj. လျင်မြန်သော။ ထက်မြက်သော။ ဖြတ်လတ်သော။ ဉာဏ်ထက်သော။ quickly adv. လျင်မြန်စွာ။ quickness n. လျင်မြန်ခြင်း။ အမြန်။ ထက်မြက်ခြင်း။ ဖျတ်လတ်ခြင်း
စိတ်
၏
အလျင်
နှုန်းဖြင့်
me ငါ့ကို
quick မြန်မြန်
kiss နမ်းပါ။
(--Y--)